ကဏန်း ပြောင်းဖူး ကော်ရည် ဟင်းချို
ကဏန်း ပြောင်းဖူး ကော်ရည် ဟင်းချို
သန့်စင်ထားသော ကဏန်းအကောင်လိုက်ကို ရေဖြင့် ပြုတ်ပါ။
ဓားဖြင့် လှီးထားသော ပြောင်းဖူးများကို ကဏန်းထဲသို့ရော၍ ထည့်ပါ။
၁၀ မိနစ်ခန့်ပြုတ်ပြီးလျှင် ကဏန်းများ ဆယ်ယူ၍ အသားနွှင်ပါ။
ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ငါးမှုန့်၊ ဆားတို့နှင့်ရော၍ ကဏန်းသားများကို ယခင် ပြုတ်ရည်အိုးထဲသို့ ပြန်ထည့်၍ တည်ပါ။
အရသာအနေတော်ရှိလျှင် ကြက်ဥအကာကို ဆန်ခါဖြင့် အိုးအပေါ်မှလောင်းချပြီး အမျှင်လေးများဖြစ်အောင် ထည့်ပါ။
ရေအေးအနည်းငယ်ဖြင့် ဖျော်ထားသော ကော်မှုန့်ပျော်ရည်ကို ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထဲသို့ ထည့်ပြီး နှံ့စပ်အောင်မွှေပါ။
ပျစ်လာလျှင် ပင်လယ်ကဏန်းနှင့် ပြောင်းဖူးအချိုလေးဖြင့် ကော်ရည်ဟင်းချိုပူပူလေးကို သုံးဆောင်နိုင် ပါပြီနော်။
Credit and Ref : https://bit.ly/2GEGYwh
Ingredients
Directions