Udon ခေါက်ဆွဲပြုတ်နှင့် တန်ပူရာကြော်

1

Udon ခေါက်ဆွဲပြုတ်နှင့် တန်ပူရာကြော်
-----------------------------
ဂျပန်စတိုင် Udon ခေါက်ဆွဲ နှင့် တန်ပူရာကြော်ကို တွဲဖက်စားသုံးရတာပါ။ Udon ခေါက်ဆွဲပြုတ်ကို ပူပူနွေး သုံးဆောင်ရတာပါ။ Udon ခေါက်ဆွဲ၊ ငါးပြုတ်ရည်၊ ကြက်သွန်မြိတ်၊ တန်ပူရာကြော် တို့ဖြင့် သုံးဆောင်ရတာမို့ အရသာက အရမ်းကောင်းမွန်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…
-----------------------------
ပါဝင်ပစ္စည်းများ

Udon ခေါက်ဆွဲ – ၃ထုပ်
တန်ပူရာကြော် မုန့်ကြွပ် – အပေါ်မှ ဖြူးရန် (တန်ပူရာကြော်လျှင် ရလာသော မုန့်နှစ်ကြော် အတိုအထွာများကို ပြောခြင်းဖြစ်သည်)
ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
ရေညှိ – အနည်းငယ် (တွဲဖက်သုံးဆောင်ရန်)
-----------------------------
ငါးပြုတ်ရည်အတွက် ပါဝင်ပစ္စည်းများ

ရေ – ၅ခွက် (၁၀၀၀ မီလီလီတာ)
Mirin – စားပွဲတင်ဇွန်း ၅ဇွန်း
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ရေညှိခြောက်ရွက် – ၅ရွက်
မှတ်ချက်။ ။ dashi ပြုတ်ရည် အစား ငါးပြုတ်ရည်ကို အသုံးပြုထားသည်။
-----------------------------
Udon ခေါက်ဆွဲပြုတ် ချက်နည်း

၁။ အရင်ဆုံး Udon ခေါက်ဆွဲထုပ် အညွွှန်းမှာပါတဲ့ အချိန်အတိုင်း ပြုတ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

၂။ ပြီနောက် ငါးပြုတ်ရည် ချက်ရန် ဒယ်အိုးထဲ ရေ ၅ခွက်ကို ထည့်ပြီ ဆူအောင်တည်ထားပါ။

၂။ ဆူလာလျှင် ရေညှိခြောက်ရွက်များကို မိနစ် ၂၀ခန့် ပြုတ်ပေးပြီ ရေညှိခြောက်ရွက်များကို ပြန်ဖယ်ပေးပါ။

၃။ ထို့နောက် ပြန်ဆူအောင်တည်ပြီ mirin၊ ငါးငံပြာရည်၊ ပဲငံပြာရည် တို့ကို ထည့်ပေးပြီ ၁မိနစ်ခန့် တည်ပါ။

၄။ ငါးပြုတ်ရည် ရပြီဆိုလျှင် Udon ခေါက်ဆွဲပြုတ်အတွက် ပြင်ဆင်ပါမည်။

၅။ ခွက်ထဲ Undon ခေါက်ဆွဲများကို ၄ပန်းကန် ခွဲပြီ ထည့်လိုက်ပါ။

၆။ ပြီလျှင် Udon ခေါက်ဆွဲ ခွက်ထဲ ငါးပြုတ်ရည် ထည့်ပြီ အပေါ်မှ ကြက်သွန်မြိတ်များ ဖြူးပေးပါ။

ရ။ ထို့နောက် အပေါ်မှ တန်ပူရာ မုန့်ကြွပ်လေးဖြူးပေးပြီ တန်ပူရာအစုံကြော်၊ ရေညှိ တို့ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ….
-----------------------------
တန်ပူရာကြော်

တန်ပူရာကြော် ပါဝင်ပစ္စည်းများ

မုန်လာဥနီ- ၂ခု (အခွံနွာပြီး အရှည်လိုက် ပါးပါးလေးလှီးပေးပါ)
ခရမ်းသီး – ၁လုံး (အဝိုင်း အပါးအစောင်း လှီးပါ)
ဘိုစားပဲ – ၁၀ခု (အညှာဖယ်ပြီ အစောင်း လှီးပါ)
ပုဇွန်ကျား – ၁၅ကောင် (အမြှီးချန် အခွံနွှာပြီ ချေးထုတ်ထားပါ)
-----------------------------
တန်ပူရာ မုန့်နှစ်ရည်တွင် ပါဝင်ပစ္စည်းများ

ဂျုံမှုန့် – ၁၃၀ ဂရမ်
ရေအေး – ၂၀၀ မီလီလီတာ
ကွကျဥ – ၁လုံး
ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
-----------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး ကော်မှုန့်များကို ပုဇွန်၊ မုန်လာဥနီ၊ ဘိုစားပဲ၊ ခရမ်းသီး ပေါ်သို့ ဇကာဖြင့် အပေါ်မှ ဖြူးပေးပါ။

၂။ တန်ပူရာ မှုန့်နစ်ဖျော်ရန် ဇောက်ခွက် တစ်ခုထဲသို့ ကြက်ဥအနှစ် ၁လုံး ထည့်ပြီ ခလောက်ထားပါ။

၃။ ပြီလျှင် ရေအေး၊ ဂျုံမှုန့်၊ ဆိုဒါများ ထည့်ပြီ ခလောက်တံ(သို့)တူဖြင့် ခပ်နာနာလေး မွှေပေးပါ။

၅။ ထို့နောက် ဒယ်ထဲသို့ ဆီများများ ထည့်ပြီး ဆီပူလာလျှင် စကြော်လို့ ရပါပြီ။
-----------------------------
တန်ပူရာကြော်နည်း

၁။ တိုကျို တန်ပူရာ ကြော်ရန် ဟင်းရွက်များနှင့် ပုဇွန်များကို တန်ပူရာ မှုန့်နှစ်ခွက်ထဲ ထည့်စိမ်ပါ။

၂။ ပြီးမှ ဒယ်ထဲသို့ အသုတ်လိုက်ခွဲ၍ အညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။

၃။ ပြီးမှ တိုကျို တန်ပူရာကြော်များကို ဆီစုတ်စက္ကူဖြင့် ဆီစစ်ထားပေးပါ။

၄။ ဆော့ရည်အတွက် ခွက်ထဲ ပဲငံပြာရည်(စားပွဲရည် ၃ဇွန်း)၊ mirin(စားပွဲတင်ဇွန်း ၂ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ရောမွှေပါ။

၅။ တန်ပူရာကြော်များကို အရသာရှိစွာ ဆော့ရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

မှတ်ချက် ။ ။ တန်ပူရာကြော်ရာတွင် ရရှိသည့် တန်ပူမုန့်နှစ်ကြော်များကို ဇကာဖြင့် ဆယ်ပြီ သက်သက်ဖယ်ထားပါ။ Udon ခေါက်ဆွဲပြုတ် ပေါ်တွင် ဖြူးပြီ တွဲဖက် သုံးဆောင်ရန် ဖြစ်သည်။

Credit : Facebook Shares

Ingredients

Directions