Tandoori ကြက်သားတုတ်ထိုးကင်

1

Tandoori ကြက်သား တုတ်ထိုးကင်

မြှောက်ပိုင်းအိန္ဒိယစတိုင် နံမည်ကြီးတဲ့ Tandoori ကြက်သားကို တုတ်ထိုးပြီ ကင်ထားတဲ့ ကင်နည်း တမျိုးပါ။ အသားကို နူးအိအောင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်နဲ့ နုပ်ပြီမှ ကင်ထားတာပါ။ သံပရာသီး၊ ကြက်သွန်နီတို့နှင့် တွဲဖက်သုံးဆောင်ရပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…

ကြက်ကင်တွင် ပါဝင်ပစ္စည်းများ

ကြက်သား ရင်ဗုံသား – ၈၀၀ ဂရမ်
Tandoori မဆလာမှုန့် – စားပွဲတင်ဇွန်း ၈ဇွန်း

သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
ဒိန်ချဉ် – ၁ခွက်
ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
ကြက်သွန်ဖြူ – ၃မွှာ (မညက်တညက် ထောင်းပါ)
နံနံပင် – စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်နီ – ၂လုံး (အဝိုင်းလှီထားပါ) (ပြင်ဆင်ရန်)
သံပရာသီး – ၂လုံး (၈စိပ်စပ်ထားပါ) (ပြင်ဆင်ရန်)

Tandoori မဆလာမှုန့် ပါဝင်ပစ္စည်းများ

ဆား – စားပွဲတင်ဇွန်း တဝက်
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆနွင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
အနီရောင်စိုးဆေး (red food coloring) – လက်ဖက်ရည်ဇွန်း ၁ဇွန်း (optional)

ကြက်ကင်နည်း

၁။ ခွက်တစ်ခုထဲတွင် tandoori မဆလာမှုန့်တွင် ပါဝင်သော (မာဆလာ၊ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ နံနံစေ့မှုန့်၊ ဆနွင်း၊ အနီရောင်စိုးဆေး၊ ဆား) တို့ကို ရောနုယ်ထားပါ။

၂။ ပြီမှ Tandoori မဆလာမှုန့်၊ ဒိန်ချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း တိုဖြင့် သမအောင် ရောမွှေပေးပါ။

၃။ ပြီနောက် ထိုရောမွှေထားသော အနှစ်ပေါ်မှ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးကာ နုယ်ပေးပါ။

၄။ပြီလျှင် ရေခဲသေတ္တာ(အောက်ထပ်) ထည့်ပြီ ၃နာရီ သိပ်ပေးပါ။ ၁ညသိပ်က ပိုမိုကောင်းမွန်သည်။

၅။ ဝါးတုတ်များကို မသီမှီ နာရီဝက် ရေစိမ်ထားပေးပါ။

၆။ ကြက်သားများကို ဝါးတုတ်တွင် သီပေးပြီ တဖက်ကို ၂-၃မိနစ်ခန့် ကြက်သားကျက်သည်အထိ ကင်ပေးပါ။

ရ။ ပြီနောက် Tandoori ကြက်သား တုတ်ထိုးကင်၊ ကြက်သွန်နီကွင်း၊ သံပရာသီး၊ နံနံပင် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါသည်။

Tip: ကင်နေစဉ်အတွင်း မဆလာ၊ ငရုတ်သီးမှုန့် နည်းနည်း ဖြူးပေးပြီ ကင်လျှင် ပိုမိုကောင်းမွန်သည်။

Credit : Facebook Shares

Ingredients

Directions