Sundubu-jigae

1

ပူပူနွေးနွေး Sundubu-jjigae လေး

ကိုရီးယားအစားအစာကြိုက်တဲ့ K food Lover လေးတွေအတွက် ဒီတစ်ခါမှာလည်း ထမင်းဖြူလေးနဲ့ ပူပူနွေးနွေးစားသုံးနိုင်တဲ့ Sundubu-jjigae လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေနော်။ မြန်မာလိုဆိုရင်တော့ တို့ဟူးစတူးလေးပေါ့။ Sundubu-jjigae ကိုအသား၊ ပင်လယ်စာတို့နဲ့ ချက်နိုင်သလို သက်သတ်လွတ်လည်းချက်လို့ရပါတယ်နော်။
ဒီစတူးလေးချက်ဖို့ လိုအပ်တာတွေကတော့

• Korean soft tofu (sundubu) – 350 g (ရိုးရိုးရယ်ဒီမိတ် တို့ဟူးအဖြူအစိမ်းကိုအသုံးပြုလို့လည်းရပါတယ်)
• ဂုံး - 110g
• ပုစွန် - အနည်းငယ်
• အပ်မှို၊ ရှီတာကီမှို၊ ကောက်ရိုးမှို - စတဲ့ကိုယ်နှစ်သက်ရာမှို နှစ်မျိုးသုံးမျိူး အနည်းငယ်စီ
• ကြက်သွန်မြိတ် - တစ်ချောင်း
• ကြက်ဥ - တစ်လုံး
• ကိုရီးယားငရုတ်သီးမှုန့်(gochugaru) – 1 tsp (အစပ်ကြိုက်ရင်နည်းနည်းပိုထည့်ပါ)
• ကြက်သွန်ဖြူ - တစ်မွှာ (နုပ်နုပ်စင်းထားပါ)
• ပဲငံပြာရည် - 1 tsp
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ဆား - အနည်းငယ်
• ဆီ - အနည်းငယ်

ချက်ကြမယ် (နှစ်ယောက်စာ - သုံးယောက်စာ)

• အရင်ဆုံး အိုးထဲမှာ ဆီထည့်ပြီး ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ ပဲငံပြာရည်ထည့်ပြီး အနံ့လေးမွှေးလာတဲ့အထိ တစ်မိနစ်လောက်ဆီသတ်ပေးရပါမယ်နော်။ ဆီသတ်ပြီးရင် ဂုံးနဲ့ ုပုစွန်ကိုထည့်ပြီး ငရုတ်သီးဆီသပ်နဲ့ သမအောင်နယ်ပေးရပါမယ်။
• အပြင်အသားလေးတွေတင်းသွားရင်တော့ ရေ ဒါမှမဟုတ် dried kelp and anchovy stock ထည့်ပေးရပါမယ်။ dried kelp and anchovy stock ဝယ်ရခက်ရင် ရေထည့်ရင်လည်းရပါတယ်။
• ပင်လယ်စာအစား ကိုယ်နှစ်သက်ရာအသားတစ်မျိုးမျိုးကို အသားတုံးလေးတွေလှီးပြီးထည့်လို့လည်းရပါတယ်။ ပင်လယ်စာဆိုရင်တော့ ရေထည့်ပြီး နှစ်မိနစ်လောက်ဆိုတာနဲ့ တို့ဟူးထပ်ထည့်လို့ရပါပြီ။ အသားဆိုရင်တော့ ၅ မိနစ်လောက်ထားဖို့လိုပါတယ်။
• ပင်လယ်စာထည့်ပြီးနှစ်မိနစ်လောက်နေလို့ အရည်ပွက်ပွက်ဆူလာပြီဆိုရင် မှိုတွေနဲ့ တို့ဟူးကိုထည့်ပြီး (၁ - ၂ )မိနစ်လောက်
ထားပေးပါ။
• မီးဖိုပေါ်ကချကာနီးမှ ကြက်ဥတစ်လုံးဖောက်ချလိုက်ရုံပါပဲ။ နောက်ဆုံးမှာ ငရုတ်ကောင်းမှုန့်နဲ့ နှမ်းဆီမွှေးလေးနည်းနည်းထည့်ပြီး ကြက်သွန်မြိတ်ပါးပါးလေးညှပ်ထည့်ရုံပါပဲ။
(ဒီအဆင့်မှာ ကြက်ဥနဲ့ ကြက်သွန်မြိတ်မကြိုက်ဘူးဆို မထည့်လို့ရပါတယ်)

သက်သတ်လွတ်ချက်လိုတယ်ဆိုရင်တော့ ပင်လယ်စာနေရာမှာ အသီးရွက်အနည်းငယ်ထည့်ပြီး သက်သတ်လွတ်ငံပြာရည်ကိုအသုံးပြုနိုင်ပါတယ်။

ကိုရီးယားမှာတော့ ထမင်းဖြူနဲ့ အခြားပေါ့ပေါ့ပါးပါးအရံဟင်းတွေနဲ့ စားသုံးကြပြီး လူကြိုက်များတဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။

Crd See less

Credit : Facebook Shares

Ingredients

Directions