Shrimp Potato Skin

1

Shrimp Potato Skin

ပါဝင်ပစ္စည်းများ
အာလူးအကြီး - ၂ လုံး
ပုစွန်ကြား - ၁၀ဝ ဂရမ်
Cheddar Cheese - ၁၀ဝ ဂရမ်
ကြက်ဥ - ၁ လုံး
ကြက်သွန်မြိတ် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းသီးဟင်းရွက်ဆီ - ၁/၄ ခွက်
Oregano - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Cooking Cream - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ
၁။ ဦးစွာ ရေစင်အောင်ဆေးထားသော အာလူးများကို ခက်ရင်းဖြင့် ထိုးဖောက်ပြီး ဆီ၊ ဆားများဖြင့် နှံ့စပ်အောင် လူးထားပါ။
၂။ လူးထားသော အာလူးများကို Oven ရှိပါက Oven အတွင်း ၄၅ မိနစ်ခန့် ဖုတ်ပါ။ Oven မရှိလျှင် Aluminium ပတ်ပြီး မီးသွေးမီးဖို၊ ဂက်စ်မီးဖို စသည်ဖြင့် ဖုတ်ပေးလို့ရပါတယ်။
၃။ ထို့နောက် ဖုတ်ထားသော အာလူးများကို တစ်ခြမ်းခြမ်းပြီး အတွင်းသားများကို ဇွန်းဖြင့်ခြစ်ထုတ်ပါ။ ဘေးသားလေးတွေ အနည်းငယ်ချန်ဖို့တော့ သတိပြုပါနော်။
၄။ အာလူးခွံကို အတွင်းအပြင်ဆီသုတ်ပြီး Oven ထဲမှာ ၁၀ မိနစ်ခန့် ဆက်၍ ဖုတ်ပါ။ အာလူးခွံများ အနည်းငယ်ကြွပ်လာပါက ထုတ်ယူပြီး အာလူးခွံလေးအတွင်းသို့ ဇွန်းဖြင့် ခြစ်ထားသော အာလူးအကြေ၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းနှင့် Oregano တို့ကို ချိစ်ခြစ်ထားသော အမျှင်များ အောက်ခြေခံ၍ ထည့်ပေးပါ။ ဃသသုငညါ ဃမနော ထည့်ပါ။
၅။ ထို့နောက် အခွံနွှာထားသော ပုစွန်လေးများစီရီပြီး အပေါ်က ချိစ်ထပ်ဖြူးပေးပါ။ ပြီးလျှင် Oven အတွင်း ၁၅ မိနစ်ခန့် ထပ်ဖုတ်ပြီးလျှင် အရသာရှိတဲ့ အာလူးခွံလေး ရလာပြီပေါ့နော်။
ကဲ... အာလူးခွံလေးရလာပြီဆိုရင်တော့ အပေါ်ကနေ ကြက်သွန်မြိတ်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
ယခုရေးသားဖော်ပြခဲ့တဲ့အစားအစာက အနည်းငယ်အချိန်ပေးရတယ်ဆိုပေမယ့် ပြုလုပ်ပြီးသွားချိန်မှာတော့ အချိန်ပေးရကျိုးနပ်ပြီး ထူးခြားအရသာရှိတဲ့ အာလူးလေးကို တစ်ကိုက် ကိုက်လိုက်ရင်ပဲ အမောတွေပြေပြီး စိတ်ကျေနပ်မှုရစေမှာ အမှန်ပါပဲရှင်။ ချစ်ခင်သူတွေကိုလည်း Suprise အဖြစ် လုပ်ပေးမယ်ဆိုရင် စိတ်ဆိုးကြမှာမဟုတ်ဘူးနော်... အာမခံပေးပါ့မယ်ရှင်။
.....................
Crd
မေဖြိုးသီ
/ See less

Credit : Facebook Shares

Ingredients

Directions