Samjjang (or) ကိုရီးယားပဲငပိ ဆော့စ်

1

“Samjjang (or) ကိုရီးယားပဲငပိ ဆော့စ်”

ဒီတစ်ခါတော့ လွယ်ကူရိုးရှင်းပြီး အသားကင်တွေ စားတိုင်းလည်း မရှိမဖြစ်လိုအပ်တဲ့ ကိုရီးယား ပဲငပိ ဆော့စ် လုပ်နည်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်.....

တကယ့်ကို အကောင်းဆုံး Samjjangပါ..ကမ္ဘာမှာ နှစ်ခုမရှိတဲ့ Samjjang..ကဲ နှစ်ခါ စဉ်းစားမနေဘဲ ခုပဲ ထ လုပ်စားလိုက်ပါတော့…
ပန်းသီ ရှာလကာရှိရင် ထည့်လို့ရသလို မရှိလည်း မထည့်လို့ရပါတယ်။ အခြေခံ ဘယ်လိုလုပ်ရတာလဲသာသိရင်
ပစ္စည်းတွေကို ပြောင်းပြီး လုပ်စားလို့ရပါတယ်..
အရသာရှိအောင် ကင်ထားတဲ့ အသားလေးနဲ့
soulmateဖြစ်တဲ့ ကြက်သွန်ဖြူလေးနဲ့ နှမ်းရွက်လေးနဲ့ Samjjangလေးနဲ့ (Soy Bean paste sauce) တွေ ဟာ
ကိုရီးယား လူမျိုးတွေရဲ့ အသဲစွဲ ဆော့စ် တစ်မျိုးပါပဲ...
ဒီလောက် စားကောင်းတဲ့ ဆော့စ်လေး စလုပ်ကြည့်ရအောင်လေ..အခြေခံ ပစ္စည်းလေးတွေနဲ့ပဲ လုပ်ကြမယ်နော်

ပါဝင်ပစ္စည်း….
ပဲငပိ ၊ငရုတ်သီးနှစ် ၊ ကြက်သွန်ဖြူထောင်း ၊ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း၊ (တိုင်းဆ ထည့်တဲ့အခါ ထမင်းစားဇွန်းကိုပဲ သုံးမယ်နော်)
ပဲငပိ ၃ဇွန်း၊ ငရုတ်သီးနှစ် ၁ဇွန်း၊. ဇီးသီး Juice၁ဇွန်း၊ oligosaccharide(သကြား အစားထိုး ကိုရီးယား ဟင်းချက်ပစ္စည်းတစ်မျိုး) ၊အနည်းငယ်၊
Tip. ကျွန်မကတော့ အိမ်လုပ် ပဲငပိဆိုတော့ အငန်များဘို့ ၂ဇွန်းခွဲပဲ ထည့်ပါတယ်

ပြုလုပ်နည်း
ကြက်သွန်မြိတ်ကို နုပ်နုပ်လှီးမယ်
ပါဝင်ပစ္စည်းအနှစ်အပေါ်ကို ကြက်သွန်မြိတ်၊ကြက်သွန်ဖြူထောင်း ၁ဇွန်း၊ နှမ်းဆီ အနည်းငယ်၊ နှမ်း နည်းနည်း ဖြူးပေးပါ။ပြီးရင် နယ်မယ် ပြီးပါပြီ!!!.
လွယ်လွန်းလို့ ပြောစရာတောင် သိပ်မရှိပါဘူး....
ပုံမှန် Samjjang လုပ်တဲ့အခါ ပဲငပိ နဲ့ ငရုတ်သီး အနှစ်ရဲ့ အဆကတော့ ၃:၁ ပါ...

Credit : Facebook Shares

Ingredients

Directions