Pina Colada အုန်းနို့နာနတ်ဖျော်ရည်

1

Pina Colada (non-alcoholic) အုန်းနို့နာနတ်ဖျော်ရည်

ကျွန်းနိုင်ငံအများစုမှာနာမည်ကြီးတဲ့ ဖျော်ရည်လေးပါ။ ဖျော်နည်းကတော့ ၂ မျိုးရှိပါတယ်။ အသီးအစစ်နဲ့ဖျော်တာရယ် ready made နာနတ်သီးဖျော်ရည်နဲ့ဖျော်တာရယ်ပါ။ အိစံကတော့ အသီးအစစ်နဲ့ဖျော်တာကိုပိုကြိုက်ပါတယ်။အဲ့တာကြောင့်အသီးအစစ်နဲ့ဖျော်တဲ့နည်းကိုတင်ပေးလိုက်တယ်နော်။ အိစံဆိုရင် အဲ့တာစသောက်ဖူးတဲ့အချိန်ကစပြီး အဲ့ဖျော်ရည်လေးကို ခဏခဏလုပ်သောက်ဖြစ်တယ်။ သူ့အရသာလေးက ချဉ်ချိုလေးနဲ့ အုန်းနို့အနံ့လေးနည်းနည်းမွှေးတယ်။ အုန်းနို့အရမ်းအများကြီးမပါတော့ မအီပါဘူး။ လူကိုလဲ လန်းဆန်းစေပါတယ်။ လုပ်ကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ အတုံးလေးတွေစိတ်ထားသော နာနတ်သီး - ၂ ခွက်
၂။ အုန်းနို့ - ထမင်းစားဇွန်း ၈ ဇွန်း
၃။ ရေသန့်ရေခဲ - ၄ ခဲ
၄။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း (အရမ်းချိုတဲ့နာနတ်သီးဆိုရင် ထည့်စရာမလိုပါ။)

ပြုလုပ်နည်း
၁။ ဖျော်ရည်ဖျော်စက် (Blender)ထဲကို ပါဝင်သောပစ္စည်းတွေအကုန်ထည့်ပြီး အားလုံးတသားတည်းဖြစ်တဲ့အထိကြိတ်ပါ။
၂။ အုန်းနို့နာနတ်ဖျော်ရည်အေးအေးလေးကိုသုံးဆောင်နိုင်ပါပြီရှင်။

Crd.eisan See less

Credit : Facebook Shares

Ingredients

Directions