Morocan Pancake

1

Morocan Pancake
.........................
ဒီ ပန်ကိတ်လေးကို အခုစားချင်ရင် အခုချက်ချင်းလုပ်နိုင်ပြီး Semolina နဲ့ လုပ်ရပါ တယ်။ Semolina ဆိုတာ ဂျုံကို မှုန့်ညက်နေအောင် ကြိတ်ထားတာမျိုးမဟုတ်ဘဲ လက်ထဲမှာ ကိုင်ကြည့်ရင် ကြမ်းကြမ်းလေးဖြစ်နေပါတယ်။ နိုင်ငံခြားမှာနေသူတွေ ရွှေကြည်ဆနွင်းမကင်း လုပ်စားရင် သုံးပါတယ်။ မြန်မာရွှေကြည်မုန့်နဲ့ ချွတ်စွပ်မတူပါ။ မြန်မာရွှေကြည်မုန့် သုံးလို့ ရမရတော့ မသိပါဘူး။ မြန်မာ မုန့်ပျားသလက်နဲ့ အရသာတူပါတယ်။ ထောပတ်နဲ့ သုတ်ပြီး အဆိမ့်စားနိုင်သလို ပဲပြုတ်၊ နံနံပင်တို့လည်း ထည့်နိုင်ပါတယ်။ မြေပဲထောင်း၊ ကြက်သွန်နီကြော်၊ နှမ်းထောင်း အရောလေးနဲ့ ဖြူးစားနိုင်သလို နှမ်းဖြူး၊ ဆီဆမ်းပြီးလည်း စားနိုင်ပါတယ်။ ကိုယ်ကြိုက်သလို အဆာအမျိုးမျိုးပြောင်းလဲထည့်နိုင်ပါတယ်။ မြန်မာ မုန့်ပျားသလက်နဲ့ မတူတာက မြန်မာ မုန့်ပျားသလက်က အချိန်ကြာရင် အေးသွားတဲ့အခါ မာမာကြီး ဖြစ်သွားပါတယ်။ အဲဒါကတော့ အချိန်ကြာလည်း နူးညံ့နေဆဲပါ။

ပါဝင်ပစ္စည်းများ
- Semolina - ၇၅ ဂရမ်
(၅ ကျပ်သား လျော့လျော့)
- ဂျုံမှုန့် - ၂၅ ဂရမ် (စားပွဲဇွန်း ၂ ဇွန်း)
- ရိစ် (Yeart) - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
(အသက်ရှိတဲ့ ရိစ် ဖြစ်ရပါမယ်)
- သကြား - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
- ရေနွေးနွေး - ၁၈၀ မီလီလီတာ
(လက်နဲ့ကိုင်ကြည့်လျှင် နွေးနေရပါမယ်)
- ဆား - အနည်းငယ်
- ဘိတ်ကင်းပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
(Baking Powder)

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဘိတ်ကင်ပေါင်ဒါမှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်ရည်စက်ထဲထည့်ပြီး မွှေပါ။ မုန့်ရည် သမသွားတဲ့အခါ နာရီဝက်ခန့် နှပ်ထားပါ။
၂။ အချိန်ပြည့်တဲ့အခါ ဘိတ်ကင်းပေါင်ဒါ ထည့်ပြီး သမအောင် မွှေပေးပါ။
၃။ မကပ်တဲ့ အိုး/ဆီဝနေတဲ့ အိုးကို မီးဖိုပေါ်တင်ပါ။
၄။ ဒယ်အိုးပူလာတဲ့အခါ မုန့်ရည်ထည့်ပါ။ ရေကျဲလွန်းလျှင် မုန့်ရည်ပြန့်ပြဲထွက်သွားတတ်ပါတယ်။
၅။ ရေနည်းလျှင် ထူထူကြီးဖြစ်ပြီး မကျက်ဘဲဖြစ်တတ်ပါတယ်။
၆။ မီးအပူက အလယ်အလတ်မှာပဲ ရှိရပါတယ်။
၇။ ရိစ် အသက်ရှိ၊ မရှိကို အောက်ဖော်ပြပါအတိုင်း စမ်းသပ်နိုင်ပါတယ်။

ခွက်တစ်ခုထဲမှာ
• ရိစ် (တဆေး) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဂျုံ - စားပွဲဇွန်း ၁ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ရေ နွေးနွေးလေးနဲ့ မပျစ်မကျဲဖျော်ပါ။ ၁၀ မိနစ်လောက်နေလို့ အမြှုပ်ဖွားဖွားထနေလျှင် အသုံးပြုလို့ရတဲ့ ရိစ်ဖြစ်ပါတယ်။ အမြှုပ်မထလျှင် လွှင့်ပစ်ပါ။ မည်သည့် နေရာတွင်မျှ အသုံးမဝင်ပါ။
............................

Crd.Meemeetofu

Credit : Facebook Shares

Ingredients

Directions