Mango Pancake

1

Mango Pancake လုပ်နည်းလေး ပြောပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့…
-Maida ဂျုံမှုန့် ၁ ခွက်
– ကြက်ဥ ၁ လုံး
– နွားနို့ ၁ခွက်
-မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ဇွန်းလေးပုံတစ်ပုံစာ
-သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
-သရက်သီးစိတ်လေးတွေ ၁ ခွက်
-သရက်သီးအနှစ် ခွက်တစ်ဝက်
-ထောပတ် ခွက်လေးပုံတစ်ပုံ

အရင်ဆုံး Maida ဂျုံမှုန့်နဲ့ မုန့်ဖုတ်ဆိုဒါကို နှံ့စပ်အောင်ရောမွှေလိုက်ပါ။
ပြီးရင် ပန်းကန်လုံးတစ်လုံးထဲကို ထောပတ်၊သကြား ၊ကြက်ဥထည့်ပြီး နှံ့စပ်အောင်မွှေပါ။
အားလုံးပြီးရင် ထိုပန်းကန်လုံးထဲကို ပထမမွှေထားတဲ့ဂျုံမှုန့်အရောကိုထည့်ပြီး မွှေပါ။အနည်းငယ်ပျစ်လာတဲ့အခါ နွားနို့နည်းနည်းအရင်ထည့်ပြီးပျစ်နေအောင် မွှေလိုက်ပါ။သေချာမွှေပြီးတဲ့အခါမှ ကျန်တဲ့နွားနို့ကိုထည့်ပါ။အရည်မကျဲသွားအောင်တော့သတိထားပါ။မပျစ်မကျဲအနေအထားရောက်ရင် နွားနို့ကိုရပ်လိုက်လို့ရပါပြီ။ပြီးရင် သရက်သီးအနှစ်တွေထည့်ပါ။သရက်သီးအနှစ်ထည့်ပြီးရင် အတုံးသေးသေးလေးတွေတုံးထားတဲ့သရက်သီးစိတ်လေးတွေကိုထည့်ပါ။အားလုံးထည့်ပြီး အရမ်းပျစ်နေတဲ့အခါ နွားနို့ထပ်ထည့်ပါ။

အားလုံးထည့်မွှေပြီးသွားရင်တော့ ဒယ်ပိုင်းမှာ ထောပတ်ဆီလေးသုတ်ပြီး ကြော်လို့ရပါပြီ။မတူးသွားအောင်တော့ ဂရုစိုက်ဖို့လိုတယ်နော်။ကြော်ပြီးရင် ဒီတိုင်းလည်း တစ်ချပ်ချင်းစီစားလိုက်လို့ရသလို အလှဆင်ပြီးစားချင်တယ်ဆိုရင်လည်း အချပ်လေးတွေဆင့်၊သစ်သီးယိုလေးတွေဆမ်းပြီး စားလို့ရပါပြီ။

Credit : Facebook Shares

Ingredients

Directions