Malaysia Pan Cake

1

Malaysia Pan Cake
(Apam Balik )

Peanut Pan Cake ကိုစင်္ကာပူနေရာအတော်များများမှာ အစာပြေစာအဖြစ်ရောင်းကြပါတယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့အိမ်မှာမနက်ခင်းစာ၊ညနေအစာပြေစာအဖြစ် ကိုယ်တိုင်လုပ်စားနိုင်တဲ့ မုန့်လေးလည်းဖြစ်ပါတယ်။ အတွင်းမှအစာကို မြေပဲထောင်း၊နှမ်း၊ ပဲယိုအစရှိသဖြင့်ထည့်တတ်ကြပါတယ်။
ပါဝင်ပစ္စည်း
*******
ဂျုံ - ၂၀၀ ဂရမ်
သကြား - ၁၂၀ ဂရမ်
ဆား - အနည်းငယ်
ကြက်ဥ - တစ်လုံး
Yeast - လ္ဘက်ဇွန်း တဝက်
Baking Soda - လ္ဘက်ဇွန်းတဝက်
ရေ သို့ နွားနို့ - ၃၆၀ ml
မြေပဲထောင်း - အစာသွပ်ရန်
သကြား - ဖြူးရန်
ထောပတ် - အိုးလူးရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဇလုံတခုတွင်သကြား၊ဆား၊ကြက်ဥ၊နွားနို့(သို့)ရေထည့်ပြီးသကြားပျော်အောင်မွေပေးပါ။
(၂)သကြားကျေပါကဂျုံမှုန့် ၊yeast နှင့် baking soda ထည့်ပြီးချောမွတ်လာသည်ထိမွေပေးပါ။
(၃)ပြီးလျှင်အဖုံးအုပ်ပြီးမုန့်နှစ်ရည်ကို နာရီဝက်ခန့်နှပ်ထားပါ။
(၄)မီးဖိုပေါ်တွင်အိုးမကပ်သည့်ဒယ်ကိုအပူပေးပြီးထောပတ်လူးထားပါ။
(၅)အိုးပူပါကမုန့်နှစ်ရည်တစ်ဇွန်းခပ်ထည့်ပြီးအဖုံးအုပ်ထားပါ။အထူအပါးမိမိနှစ်သက်သလိုထည့်နိုင်ပါတယ်။
(၆)မုန့်သားလေးများအနည်းငယ်ခြောက်ကာအပေါက်လေးများဖြစ်လာပါကသကြားဖြူးပြီးမြေပဲထောင်း ခပ်ထူထူဖြူးပေးပါ။
(၇)အိုးနှုတ်ခမ်းဘေးသားလေးများနီရောင်သမ်းလာပါကဂေါ်ပြားလေးဖြင့်ထိုးကော်ပြီးထပ်ခြမ်းခေါက်ပေးပြီးထုတ်ယူအအေးခံထား ပါ။အနည်းငယ်အေးသွားမှသာလိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါ
ပြီ။

Crd.Sofia

Credit : Facebook Shares

Ingredients

Directions