Korea ရေဘဝဲ အစပ်ချက်နည်း

1

Korea ရေဘဝဲ အစပ်ချက်နည်း

ပါဝင် ပစ္စည်းနဲ့ ချက်ပုံလေးကတော့...

ရေဘဝဲ တစ်ကောင် အရမ်းမသေး..ရေဆေးသန့်စင်ပြီး တုံးကာ ရေနွေးပူပူတွင် တမိနစ်ခန့်ပြုတ်ပြီးရေစစ်ထားပါ..
-ကြက်သွန်နီ
-ကြက်သွန်ဖြူ
-ဂျင်းအနည်းငယ်
-ကြက်သွန်မြိတ် ငါးပင်ခန့်
-ငြုပ်သီးစိမ်းအတောင့်ကြီး
ပုံတွင်ပြထားသည့်အတိုင်း လှီးစဉ်းထားပါ...

ဆော့ပြုလုပ်ရန်...

ကိုရီးယားငြုပ်သီးမှုန့်(မရလျှင်) ငြုပ်သီးအစိမ်းမှုန့် အရောင်လှလှ..မည်သည့်တံဆိပ်မဆို
ကျွန်တော်ကတော့ ထုံးအိုင်ရွာက လက်ဆောင်ရထားတဲ့ ကိုင်းထဲ ကိုယ်တိုင် ငြုပ်သီးစိုက် ကိုယ်တိုင်ကြိတ်ပြီးသုံးတဲ့ မိတ်ဆွေတွေဆီက လက်ဆောင် ရထားတဲ့ ငြုပ် သီးမှုန့်နဲ့သုံးထားပါတယ်..

-ငြုပ်သီးအမှုန့် စားပွဲဇွန်းတဇွန်း စပ်လျှင်လျှော့ထည့်
-ပဲငံကြည် သုံးဇွန်း
-ခရုဆီ နှစ်ဇွန်း
-အာလူးကော်မှုန့် တဇွန်း
-သကြားနှစ်ဇွန်း
-ငြုပ်ကောင်းမှုန့် အနည်းငယ်
တို့ကိုရောမွှေထားပါ...

ချက်ပြီနော်...
ဒယ်ပူတွင် ဆီအနည်းငယ်ထည့်ကာ ဆီပူလျှင်..
အထက်က စဉ်းထားတာ အားလုံးရောထည့် နူးလာလျှင်....
ရေနွေးဖျောထားသော ရေဘဲဝဲ ထည့်ပါ ..
ဖျော်ထားသောဆော့ ထည့်ပါ...
နှစ်မိနစ်ခန့်မွှေပြီး မီးပိတ်ကာ နမ်းဆီမွှေး အနည်းငယ်ဆမ်းပြီး နမ်းဖြူ ဖြူးကာ ပြင်ဆင်စားသုံးနိုင်ပါပြီဗျာ့.

Crd See less

Credit : Facebook Shares

Ingredients

Directions