Kobe Sausage ပန်ကိတ် (Kobe Sausage Pancakes)

1

-----------------------------------

မနက်စာကို အရသာရှိရှိဖြင့် အားရှိအောင် စားမယ်ဆိုလျှင် စားချင်စဖွယ် ဒါလေးကို လုပ်စားလိုက်နော်။
ပါဝင်ပစ္စည်းများ
• မုန့်ဖုတ် ဂျုံနု - ၁ ခွက်
• သကြား - စားပွဲဇွန်း ၂ ဇွန်း
• Baking Powder - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ကြက်ဥ - ၁ လုံး (ခလောက်ထားပါ)
• နွားနို့ - ၁ ခွက်
• ထောပတ် - စားပွဲဇွန်း ၃ ဇွန်း (၁ ဇွန်းကို အိုးသုတ်ရန်)
• Kobe Sausage - ၁ ချောင်း (နုပ်နုပ်လှီးထားပါ)
• ငရုတ်သီးစိမ်း - ၂ တောင့် (ပါးပါးလှီးထားပါ)
• ခရမ်းချဉ်သီး - ၁ လုံး (အစေ့ထုတ်၊ ပါးပါးလှီးထားပါ)
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဖန်ဇလုံကြီးထဲ ဂျုံ၊ သကြား၊ Baking Powder နှင့် ဆား များထည့်ပြီး ရောပါ။ ကြက်ဥ၊ နွားနို့၊ ထောပတ်ရည် ၂ ဇွန်း ထပ်ထည့်ပြီး ရောခလောက်ပါ။ ပန်ကိတ်ရည် ချောမွေ့ပြီး အဖုအလုံးလေးတွေ မရှိအောင် ခလောက်ပေးပါ။ ရလာသော ပန်ကိတ်မုန့်နှစ်ရည်ထဲကို ငရုတ် သီးစိမ်း၊ ခရမ်းချဉ်သီးနှင့် Kobe Sausage ဖြင့် ရောမွှေပါ။
၂။ ဒယ်အိုးအပြန့်ကို အပူပေးပါ။ အိုးပူလာလျှင် ပန်ကိတ်အနှစ်များ အိုးပေါ် သေချာဖြန့်တင်ပါ။ ပူဖောင်းများ အများကြီးတက်လာလျှင် တစ်ဖက်လှန်ပေးပါ။ ၂ ဖက်စလုံး ရွှေရောင်သန်းလာလျှင် ရပါပြီ။ ပူပူလေး ပင်မှည့်သီး သကာရည်ဖြင့် တွဲစားလျှင် ကောင်းပါတယ်။
----------------------------------------------
Crd.စည်လွင် See less

Credit : Facebook Shares

Ingredients

Directions