“Jok-Bal(ဂျို့ဘားလ်) ခေါ် ကိုရီးယားဝက်ခြေထောက်နှပ်

1

“Jok-Bal(ဂျို့ဘားလ်) ခေါ် ကိုရီးယားဝက်ခြေထောက် နှပ် ”

ဒီတစ်ခါတော့ မင်မင့်လို K-drama ဖန်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ် ။ Dramaတွေထဲမှာ စားပြနေကျ အစားအစာတစ်မျိုး ဖြစ်တဲ့ Jok-Bal (ခေါ်) ဝက်ခြေထောက်နှပ် ဘယ်လို လုပ်ရတယ် ဆိုတာကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ် ......

ဝက်ခြေထောက် ၂ကီလို ၊
အခြေခံ ပါဝင်ပစ္စည်း : လေးညှင်းရွက် ၄ရွက် ၊ ပဲငပိ ဇွန်းကြီး ၁ဇွန်း ၊ ကြက်သွန်မြိတ် တစ်ပင်( ကြက်သွန်နီရဲ့ အမြိတ်) ၊ ကြက်သွန်ဖြူ ၂၀မွှာ ၊ ဂျင်းမှုန့် ၊ ငရုတ်ကောင်းစေ့ ၂၀လုံး ၊ ကြက်သွန်နီ ၁လုံး ၊ ဂျပန်အရက် ၁ခွက် ...
ဝက်ခြေထောက် အနှစ်: SsangHwa-tang (အခါးအရသာ အနည်းငယ် ပါဝင်တဲ့Traditional Korean tea ) ၁ပုလင်း ၊ သစ်တော်သီး ဖျော်ရည် ၁ဘူး ၊ ငရုတ်သီး အစပ် ခွက် ဝက် ၊ ခရုဆီ ၁/၃ခွက် ၊ သကြားအညို ၁ခွက် ၊ ပဲငံပြာရညါ ၂ခွက် ၊ ကိုလာ ၃ခွက် ၊ (ခွက်ဆိုရင်တော့ ပလက်စတစ် ခွက် သို့ စက္ကူခွက်ကို သုံးပါမယ် )

ပြုလုပ်နည်း

ဝယ်လာကတည်းက ကိုင်ပြီးသား ဝက်ခြေထောက်တွေပါ ။ ဆိုတော့ကာ အရင်ဆုံး ရေအေးထဲမှာ စိမ်ထားပါမယ် သွေးတွေ ပြောင်အောင်လို့လေ ။ ၂နာရိလောက် စိမ်ထားတော့ ထင်တာထက်ကို ပို သန့်ရှင်းနေပါတယ် ။ ကြားထဲမှာတော့ ရေခဏ ခဏ လှဲပေးပေါ့နော်။

ပထမ တစ်ကြိမ် ပြုတ်ပါမယ်။
ဝက်ခြေထောက်တွေ မြှပ်လောက်တဲ့ထိ ထည့်ပြီး ပြုတ်ပါမယ် ။ ပြုတ်ပေးတယ် ဆိုတာကလည်း သန့်ရှင်းရေးလုပ်ပေးတဲ့ သဘောပါပဲ။ ပြုတ်ပြီးရင် မီးပိတ်ပြီး နောက်တစ်ခါ ပြန်ဆေးပါမယ် ။တစ်ခေါက်ပြုတ်ပြီးသား ဝက်ခြေထောက်တွေကို သေသေ ချာချာ ပြန်ဆေးထားပါတယ် ။
၂ခါမြှောက် ပြုတ်ပါဦးမယ်
ဒီနေရာကနေစပြီး အရေးကြီးလာပါပြီ ...
ဝက်ခြေထောက်အတွက်လည်း အရသာလည်းထည့်ရင်း ညှီနံ့ပါ ဖျောက်ပေးရမှာ ဖြစ်ပါတယ်...။ လေညှင်းရွက် ၄ရွက်ထည့်ပြီး ၊ ပဲငပိ ၁ဇွန်း ၊ ကြက်သွန်မြိတ် တစ်ပင် ၊ ကြက်သွန်နီ ၁လုံး ၊ ငရုတ်ကောင်းစေ့ ၂၀ လုံး ၊ ဂျင်းအမှုန့် ၊ ဂျပန်အရက် (ဆာကေး) တစ်ခွက် ၊ ဝက်ခြေထောက် နစ်တဲ့ အထိ ရေများများ လောင်းထည့်ပေးမှာ ဖြစ်ပါတယ်
ဝက်ခြေထောက်က ကျက်ပြီးသား ဖြစ်နေပြီပေမယ့်လည်း ကြာကြာ ပြုတ်ပါမယ် ။ ကြာကြာပြုတ်လေ နူးညံ့လေ ပါပဲ ။ Pressure cookerထဲ တစ်ခါတည်း ထည့်ပြုတ်ရင်တော့ ပိုမြန်တာပေ့ါလေ ။ မီးပြင်းပြင်းနဲ့ ပြုတ်ရင်းက မီးအနည်းငယ် လျှော့ပေးခြင်းဖြင့် နှစ်နာရီလောက် ပြုတ်ပေးပါ ။
ပထမဆုံး ထည့်ထားတဲ့ ရေ ရဲ့ တစ်ဝက်လောက်ခမ်းတဲ့ထိ ပြုတ်ပေးပြီးတဲ့ နောက် ဝက်ခြေထောက်တွေကို ဆယ်ပေးပါမယ် ။ဒီနေရာအထိ ညှီနံ့နည်းနည်းတော့ ရှိပါသေးတယ်။ အဲ့လို အနံ့ရှိနေသေးသေးတယ် စားမကောင်းတာမလို့ ၃ကြိမ်မြောက် ပြုတ်ပေးပါမယ် ။
ဒီတစ်ခါတော့ အတည် အနှစ်တွေပါ ထည့်ပါတော့မယ် ။

သကြားအညို နဲ့ ပဲငံပြာရည်ပဲ ထည့်ရင်လည်း အရသာရှိပြီလို့ ပြောပေမယ့် ကျွန်မကတော့ အရသာမရှိမှာ ဆိုးတာနဲ့ HwaSsang(ကိုရီးယား ရိုးရာ အခါးအရသာ အနည်းငယ်ရှိတဲ့လက်ဖက်ရည်တစ်မျိုး) နဲ့ သစ်တော်သီး ဖျော်ရည်တို့ကို ထည့်လိုက်ပါသေးတယ်။ အဲ့လိုတွေ ထည့်ပြီး တစ်ခဏ ပြုတ်ပြီး တဲ့အခါ တကယ့်ကို ဆိုင်တွေမှာ ရတဲ့ ဝက်ခြေထောက်ပေါင်း အနံ့ လေး မွှေးလာတာပါပဲ.....
ဝက်ခြေထောက်ရဲ့ အရောင် လှဖို့အတွက် သကြားအညှိ တစ်ခွက် ၊ ခရုဆီ ၁/၃ခွက် ၊ ငရုတ်သီးခြောက် ခွက်ဝက် ၊ ကိုလာ ၃ခွက် ၊ ပဲငံပြာရည် ၂ခွက် (ပလက်စတစ် ခွက်ကြည့်ပဲနော် အားလုံးက) ....
အပေါ်က ပစ္စည်းအားလုံး ထည့်ပြီး ပြုတ်ထားပေးပါမယ် ။ မီးပြင်းပြင်းတဲ့ စပြုတ်ပြီး နောက်မှ မီးကို အလယ်အလတ် လျော့ချပြီး ပြုတ်ပေးပါမယ် ။ ရေထပ်မထည့်ပဲ ရေအစား ကိုလာ ၃ခွက် ထည့်ပါမယ် ။ ကိုလာနဲ့ သစ်တော်သီး အရသာကို သုံးထားတဲ့ ဝက်ခြေထောက် ပေါင်းရဲ့ အရသာကတော့ ဝါးလို့ကောင်းပြီး နူးညံ့နေမှာ ဖြစ်ပါတယ် ။
အနှစ်တွေ ပွက်တဲ့ အထိ ပြုတ်ထားပါမယ် ။ ၁နာရီ ၂နာရီလောက်တော့ ကြာအောင် နှပ်ထားပါမယ် ။
ကဲ Dramaတွေမှာ ပါနေကျ Jokbalလုပ်နည်းဆိုတာ ဘာမှ မခက်ဘူးမလား.... ဝက်သားကိုသာ သေချာ ကိုင်တတ်ရင် ခက်ခဲတာ တစ်နေရာမှ မရှိပါဘူးနော်...
သုံးကြိမ်လောက် ပြုတ်ပေးမှ ဝက်ခြေထောက်က ညှီနံ့ပျောက်မှာလေးတော့ သတိပြုနော်...
ဝက်ခြေထောက် ပေါင်းရင်းနဲ့ မုန်လာဥကလေးပါ
သုတ်ထားတာမလို့ ဝက်ခြေထောက်ပေါင်းနဲ့ မုန်လာဥ သုတ် ဆိုတာ တကယ့်ကို လိုက်ဖက်တဲ့ အတွဲပဲ
မဟုတ်လားရှင် ❤

Credit : Facebook Shares

Ingredients

Directions