Jeukseok

1

သူငယ်ချင်းတွေစုပြီး
ကိုရီးယားစတိုင်ခေါက်ဆွဲပြုတ်လုပ်စားမယ် …
ဝါသနာပါရင်ဆိုဂျူလေးပါဝယ်လိုက်ဦးနော်။
ကိုရီးယားစတိုင်ခေါက်ဆွဲပြုတ်ဆိုတာထက် Jeukseok တော့ပုကီလို့ခေါ်ပါတယ်။
တော့ပုကီကိုမှ ခေါက်ဆွဲ၊ ငါးအူချောင်း၊ဖက်ထုပ်၊ ကြက်ဥ၊ Sausage စတဲ့ကိုယ်ကြိုက်တာတွေထည့်ပြီး
မီးဖိုပေါ်မှာ မီးဖွင့်ထားရင်း ပူပူလေးစားကြတာပေါ့။
အခုကတော့ မြန်ဆန်လွယ်ကူသက်သာတဲ့နည်းလေးပါ။
ဘာလို့လဲဆိုတော့အသင့်စားတွေဝယ်ထည့်ရုံပဲမို့လို့လေ…
ညနေဘက်မှာ ကိုရီးယားဆန်ဆန် စားကြဖို့ အားလုံးဝယ်စရာရှိတာတွေ စာရင်းလုပ်ပြီး စုဝယ်ကြမယ်။

အသင့်စားတော့ပုကီ
ငါးအူချောင်း(ကိုရီးယားလို အော့မုပေါ့လေ)
ကွကျဥ
နှစ်သက်ရာ Sausage နဲ့ အသားလုံးများ
နှစ်သက်ရာအသီးရွက်အနည်းငယ်
ရယ်ဒီမိတ်ဖက်ထုပ် (မထည့်လည်းရပါတယ်နော်)
နှစ်သက်ရာရယ်ဒီမိတ်ခေါက်ဆွဲထုပ်
ကိုရီးယားငရုတ်သီးအနှစ်

ဒယ်အိုးထဲကို ရေနွေးပွက်ပွက်ဆူထဲကို ခေါက်ဆွဲနဲ့ အမှုန့်ထုပ်တွေထည့်မယ်။ ကိုရီးယားငရုတ်သီးအနှစ်ထည့်၊
Sausage နဲ့ အသားလုံးတွေထည့်၊ ဖက်ထုပ်ထည့်။
ကျက်ခါနီးဆို အသီးရွက်တွေထည့်ပြီး အားလုံးကျက်ပြီဆို တော့ပုကီနဲ့ ငါးအူချောင်းထည့်မယ်။ (တော့ပုကီနဲ့ ငါးအူချောင်းက ကျက်ပြီးသားတွေဆိုတော့ အားလုံးကျက်တော့မှ အရသာဝင်သွားအောင် နောက်ဆုံးမှာ ထည့်လိုက်ရုံပဲနော်)

နောက်ဆုံးအနေနဲ့ကတော့ အပေါ်က ကြက်ဥဖောက်ထည့်မယ်၊ ကြိုက်တယ်ဆို ချိစ်လေးပါထည့်ပြီး ကြက်သွန်မြိတ်လေးညှပ်ထည့်ကာ သူငယ်ချင်းတွေ
ပျော်ပျော်ပါးပါး လုယက်စားသုံးနိုင်ပါပြီ ။

Crd See less

Credit : Facebook Shares

Ingredients

Directions