Homemade Mini Hotpot

1

Readymade "ဝါးဒီး Hotpot" အနှစ် ၁ ဘူး (၁ အိုးစာ)

ဝက်သား ၃ ထပ်သားပြား ၁ ထုပ်

ကြက်မြစ်၊ ကြက်သား (လိုသလောက်) အရင် ပြုတ်ထားပါ။

ပုဇွန် (လိုသလောက်)

ငုံးဥ (လိုသလောက်)

CP ကြက်ဥချောင်း (၅ ချောင်း)

အပ်မှို ၁ ထုပ်

ကျောက်ပွင့် ၁ ထုပ်

မာလာခေါက်ဆွဲ ၁ စည်း

ကန်စွန်းရွက်/မုန်ညင်း/ပန်းပွင့် (အနည်းငယ်စီ)

ပြုလုပ်နည်း
=======

ပုဇွန်ကို ဆေးထားပါ။ ကြက်မြစ်၊ ကြက်သဲကို မသေးမကြီးလေးတွေ လှီးပြီး အရင်ဆုံး ပြုတ်ထားပါ။ Readymade ဝက်သား သုံးထပ်သားပြားကို ပြင်ထားပါ။ CP ကြက်ဥချောင်းတွေကို အတုံးလေးတွေ လှီးထားပါ။ ငုံးဥတွေ ပြုတ်ထားပါ။

ကန်စွန်းရွက်တွေ၊ မုန်ညင်းတွေ၊ ပန်းပွင့်တွေကို လှီးထားပါ။

မာလာခေါက်ဆွဲတွေကို ပျော့သည်အထိ ရေစိမ်ထားပါ။

အပ်မှိုတွေကို ရေဆေးထားပါ။ ကျောက်ပွင့်တွေကို ရေဆေးပြီး ရေစိမ်ထားပါ။

Readymade ဝါးဒီး ဟော့ပေါ့ အနှစ်ဘူးကို အဆင်သင့် ပြင်ထားပါ။

ရေသန့်ဘူး ၁ ဘူးခွဲကို ပွက်ပွက်ဆူအောင် တည်ထားပါ။

ရေတွေပွက်လာလျှင် ဝါးဒီး အနှစ်ဘူး ၁ ဘူးလုံးကို ထည့်ပြီး မွှေပေးပါ (၂ မိနစ်ခန့်)

Hotpot အနှစ်တွေ ပွက်လာပြီဆိုရင် ဝက်သားပြားတွေ အရင်ထည့်ပါ။ CP ကြက်ဥချောင်းတွေ ထည့်ပါ။ ပုဇွန်တွေ ထည့်ပါ။ ငုံးဥတွေ ထည့်ပါ။

နောက်တော့ အသီးအနှံတွေ ထည့်ပါမယ်။

မာလာခေါက်ဆွဲတွေ ထည့်ပါ။ ပန်းပွင့်တွေ ထည့်ပါ။ ကျောက်ပွင့်တွေ ထည့်ပါ။ ကန်စွန်းရွက်တွေ၊ မုန်ညင်းတွေ ထည့်ပါ။

နောက်ဆုံးမှ ကြက်မြစ်၊ ကြက်သဲ (ပြုတ်ပြီး လှီးထားတာတွေကို ထည့်ပါ။ အပ်မှိုတွေ ထည့်ပြီး (၃ မိနစ်ခန့်) တည်ထားပေးပါ။

ကဲ..... အရသာရှိလှတဲ့ "Homemade Mini Hotpot" လေးကို သုံးဆောင်လို့ ရပါပြီ။ ချဉ်စပ် အရသာလေးနဲ့ အရမ်းကို အရသာရှိပါတယ်။
အိမ်မှာဘဲ မိသားစု စုံစုံလင်လင်နဲ့ ကုန်ကျစရိတ် သက်သာပြီး အရသာလဲ ကောင်းတဲ့ ဟော့ပေါ့လေးကို သုံးဆောင်လို့ ရပြီပေါ့နော်.....

Source: Zun Pwint Htin

Credit : Facebook Shares

Ingredients

Directions