Hodduk Korea Sweet Pancake

1

Hodduk Korea Sweet Pancake (ကိုရီးယားပန်ကိတ်အချို) (သက်သတ်လွတ်)
-------------------------------------------------------------------------
ကိုရီးယားပန်ကိတ်ကတော့မုန့်အချိုတစ်မျိုးဖြစ်ပါတယ်။အဆာကမုန့်လုံးကြီးကြော်နဲ့ဆင်ပါတယ်။ဒါပေမဲ့ မုန့်လုံးကြီးကြော်က ဆီနဲ့ကြော်ပေမယ့် ကိုရီးယားပန်ကိတ်ကတော့ ဆီနည်းနည်းနဲ့အိုးကင်းပူတိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• ဂျုံမှုန့် - ၂ ခွက်
• ရေနွေး - ၁ ခွက်
• Instant Yeast - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• သကြားအညို - စားပွဲဇွန်း ၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဟင်းသီးဟင်းရွက်ဆီ - စားပွဲဇွန်း ၁ ဇွန်း
• ကြော်ရန်ဆီ - အနည်းငယ်
• ထန်းလျက် - ၁၁၀ ဂရမ်
(ပါးပါးလှီးထားပါ)
• သစ်ကြားစေ့ (သို့) မြေပဲလှော် - စားပွဲဇွန်း ၂ ဇွန်း
(နုပ်နုပ်စဉ်းထားပါ)
• နှမ်းလှော် - စားပွဲဇွန်း ၁ ဇွန်း
• အုန်းသီးအဖတ် - စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း
၁။ ဇလုံအကြီးတစ်လုံးထဲ ရေနွေးအရင်ထည့်ပါ။ ပြီးလျှင် Yeast သကြား၊ ဆားနှင့် ဆီတို့ကို ထည့်ပြီး မွှေထားပါ။
၂။ ပြီးလျှင် ကိုရီးယားဂျုံမှုန့်ထည့်ပြီး မုန့်သားရအောင် နယ်ပါ။ မုန့်သားက စေးကပ်နေပါမယ်။
၃။ စေးကပ်နေတဲ့ မုန့်သားကို အဖုံးဖုံးပြီး ၁ နာရီခန့် နှပ်ထားပါ။
၄။ မုန့်သားနှပ်ထားတဲ့အချိန်မှာ အဆာအတွက် ပြင်ဆင်ထားပါ။ ဇလုံအသေးတစ်လုံးထဲ ထန်းလျက်၊ နှမ်း၊ သစ်ကြားစေ့နှင့် အုန်းသီးအဖတ်တို့ကို ထည့်ပြီး မွှေထားပါ။
၅။ ၁ နာရီကြာတဲ့အခါ မုန့်သားက ဖောင်းလာပြီး ၂ ဆဖြစ်လာပါမယ်။ အဖုံးကို ဖွင့်ပြီး အသားယောက်မဖြင့် မွှေပါ။
၆။ ပြီးလျှင် မုန့်သားကို ဂျုံဖြူးထားတဲ့ စားပွဲပေါ်မှာတင်ပြီး ၈ ပိုင်းပိုင်းပါ။
၇။ မုန့်သားတစ်ပိုင်းကို ပြား၍ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်ပြီး အဆာ
လုံအောင် ပြန်လုံးပြီး ပိတ်ပါ။
၈။ မကပ်တဲ့အိုးကို မီးဖိုပေါ်တင်၍ အပူပေးပြီး ဆီနည်းနည်းထည့်ပါ။ ဆီပူလာလျှင် အဆာသွတ်ထားတဲ့ မုန့်လုံးကို ထည့်ပြီး ကြော်ပါ။
၉။ မုန့်သားအောက်ဘက်ပိုင်း နီညိုရောင်သန်းလာလျှင် တစ်ဖက်ကိုလှန်၍ မုန့်သားလုံးကို ပလတ်စတစ်ယောက်မဖြင့် ဖိပြီး ပြားပေးပါ။
၁၀။ ၂ ဖက်စလုံး နီညိုရောင်သန်းအောင် ကြော်ပြီးလျှင် ဆယ်ယူပါ။

Credit : Facebook Shares

Ingredients

Directions