Chinese Spring Pancake

1

Chinese Spring Pancake (တရုတ်ကြက်သွန်မြိတ်ပန်ကိတ်) (သက်သတ်လွတ်)

တရုတ်ပန်ကိတ်က ထပ်တစ်တရာ ပလာတာနဲ့ ဆင်တူပါတယ်။ စားပုံ စားနည်းကတော့ ကွာပါတယ်။ ထပ်တစ်ရာ ပလာတာက ပဲ၊ ဒါမှ မဟုတ် သကြားနဲ့စားပေမယ့် တရုတ်ကြက်သွန်မြိတ်ပန်ကိတ်ကတော့ ဘာနဲ့မှတွဲပြီး စားဖို့ မလိုပါဘူး။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့် – ၂ ခွက်

ရေနွေး – ၁ ခွက်

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်မြိတ – ၄ ပင် (ပါးပါးလှီးထားပါ)

ဂျုံမှုန့် – စားပွဲဇွန်း ၃ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ – စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

၁။ မုန့်နယ်မည့်ဇလုံထဲ ဂျုံမှုန့် ၂ ခွက် ထည့်ပါ။ ပြီးလျှင် ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း ထည့်ပြီး မွှေပါ။

၂။ ပြီးလျှင် ရေနွေးဖြည်းဖြည်းချင်းလောင်းထည့်ပြီး မွှေပါ။ ပြီးလျှင် လက်နဲ့နယ်ပြီး မိနစ် ၂၀ ခန့် အဖုံး ဖုံးပြီး ထားပါ။

၃။ ပန်းကန်လုံးအသေးထဲ ဂျုံမှုန့်၊ ဆားနှင့် ဆီထည့်ပြီး မွှေထားပါ။

၄။ မိနစ် ၂၀ ပြည့်လျှင် ဇလုံထဲမှထုတ်ပြီး ဂျုံမှုန့်ဖြူးထားတဲ့ စားပွဲပေါ်မှာတင်၍ နယ်ပါ။

၅။ ပြီးလျှင် မုန့်သားကို ၄ ပိုင်းပိုင်းပါ။

၆။ ပြီးလျှင် ၃ ပိုင်းပိုင်းပါ။ တစ်ပိုင်းစီကို မုန့်သားပါးပါးရအောင် တလိမ့်တုံးဖြင့်လှိမ့်ပါ။ ပါးနိုင်သမျှ ပါးအောင် လှိမ့်ပါ။

၇။ ပြီးလျှင် မုန့်သားကို ဂျုံနဲ့ဆား ရောစပ်ထားတဲ့ ဆီသုတ်ပါ။ ပြီးလျှင် ပါးပါးလှီးထားတဲ့ ကြက်သွန် မြိတ်ဖြူးပါ။

၈။ ပြီးလျှင် မုန့်သားကို အရှည်လိုက်ရအောင် လိပ်ပြီး လက်ဖနောင့်နဲ့ဖိ၍ အနည်းငယ် ပြားပေးပါ။ မုန့်သားပြားသွားလျှင် ဆီထပ်သုတ်ပါ။

၉။ ပြီးလျှင် မုန့်သားကို အဝိုင်းပုံရအောင် ပြန်လိပ်ပါ။ အလိပ်ပြေမသွားအောင် အစွန်းဖက်အစကို အောက်ဘက်ထည့်သွင်းထားပါ။ ကျန်တဲ့ မုန့် ၂ ခုကို ထပ်မံ၍ လုပ်ပါ။

၁၀။ မုန့်အဝိုင်း ၃ ခုရလျှင် ၁ ခုစီကို ပြားချပ်သွားအောင် တလိမ့်တုံးနဲ့ အဝိုင်းပုံရအောင် လှိမ့်ပေးပါ။

၁၁။ ပြီးလျှင် မကပ်တဲ့ဒယ်အိုးထဲ ထည့်ပြီး ကြော်ပါ။ ၃ မိနစ်လောက်မှာ နောက်တစ်ဖက်လှန်ပြီး ကြော်ပါ။ ပြီးလျှင် နောက်တစ်ဖက်ပြန်လှန်၍ ဆီသုတ်ပြီး ကြော်ပါ။

၁၂။ နောက်ကျန်တဲ့တစ်ဖက်ကိုလည်း ဆီသုတ်ပြီး ကြော်ပါ။

Crd.မြင့်ဦးသာ

Credit : Facebook Shares

Ingredients

Directions