Broccoli သုပ်

1

Broccoli – တစ်ပွင့် (320 g ခန့်)

ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml) ခန့်

၂ လက်မအရှည်ခန့် ခပ်ပါးပါးအချောင်းလေးများ လှီးထားသော မုန်လာဥနီ – 1/2 cup (125 ml) ခန့်(လှီးပြီးနောက် ၅ မိနစ်ခန့် ရေစိမ်ထားပါ။)

အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီး – 3/4 cup (180 ml) ခန့်

ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – 1/3 cup (80 ml) ခန့်

ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၂ ဇွန်းခန့် (စပ်ရင် ပိုစားလို့ကောင်းပါတယ်)

Chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငါးငံပြာရည် – ထမင်းစားဇွန်း ၄ ဇွန်း

သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်းခွဲ

နှမ်းဖြူလှော်ထောင်း – ထမင်းစားဇွန်း ၂ ဇွန်းခွဲ

Broccoli ကို လက်မအရွယ်ခန့် လှီးထားပါ၊ အောက်ခြေအရိုးကို အခွံခွါလှီးထားပါ။ (ပြုတ်သောအခါ အကျက်ညီစေရန် တတ်နိုင်သမျှ အရွယ်ညီအောင် လှီးပေးပါ။)
ပွက်ပွက်ဆူနေသော ရေနွေးထဲ လှီးပြီးသည့် Broccoli များထည့်ကာ အိုးအဖုံး ဖုံးပြီး high heat ဖြင့် ၁ မိနစ်ခန့် (ရေနွေးများပြန်ဆူလာသည်အထိ) ပြုတ်ပါ။

ရေနွေးများပြန်ဆူလာသည်နှင့် အထက်အောက်လှန်ကာ ၃၊၄ ချက်မွှေပြီး ….. ချက်ချင်းရေပူများသွန်ကာ လုံးဝအေးသွားအောင် ရေအေးထဲစိမ်ပေးပါ။

အေးသွားလျှင် ဇကာထဲထည့်ပြီး ရေကုန်အောင် စစ်ထားပါ။

ရေစစ်ပြီးနောက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်လိုက်လျှင် ချဉ်ချဉ်စပ်စပ်အရသာနှင့် ကြွပ်ကြွပ်လေး စားကောင်းလှသော Broccoli သုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit :Chaw Su's Food Friends

Credit : Facebook Shares

Ingredients

Directions