“[양갱 ,Yangaeng] ကိုရီးယား ကျောက်ကျော

1

“[양갱 ,Yangaeng] ကိုရီးယား ကျောက်ကျော

chuseok(ကိုရီးယားရိုးရာ ကောက်သစ်စားပွဲတော်) မှာ လက်ဆောင်အဖြစ် ပေးလေ့ရှိကြတဲ့ Yangaeng(ယန်းဂယ်)လို့ ခေါ်တဲ့ ကိုရီးယား ကျောက်ကျောမုန့်ချိုကို ပြောပြ ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေကနေစပြောမယ်နော်..
အရမ်းရိုးရှင်းပါတယ်..
ခပ်ပျစ်ပျစ် ပဲနီအနှစ် ၂ကီလို ၊ သကြား ၁၅၀ဂရမ် ၊
ကျောက်ကျောမှုန့် ၄၀ဂရမ် ၊ Grain syrup ၁၅၀ဂရမ် ၊ canned သစ်အယ်သီး ၄၀၀ဂရမ် ၊ ရေ ၁၂၀၀မီလီလီတာ..
.
ကဲ ပါဝင်ပစ္စည်းတွေ ပြောပြီးပြီဆိုရင် မုန့်လုပ်ခြင်းကို စလိုက်ကြရအောင်နော်...ဒီနေ့ အတွက် အရေးကြီး အချက်တစ်ချက်က ကျောက်ကြောမှုန့်ကို ရေထဲမှာ လုံလုံလောက်လောက် မွှေပေးဖို့ပါ ။ ကျောက်ကျောမှုန့်ကို ခွက်ထဲ ထည့်ပြီး ရေ၅၀၀မီလီကို လောင်းထည့်ပါ။ အမြှုပ်မထတဲ့ အချိန်အထိ အနည်းဆုံး ၁၀မိနစ်လောက် မွှေပေးရမှာ ဖြစ်ပါတယ်
ပြီးရင် canned သစ်အယ်သီးလေးတွေကို တစ်ခြမ်းစီ ခြမ်းပေးမှာ ဖြစ်ပါတယ်။

အိုးကျယ်ကျယ်ထဲမှာ ရေဖျော်ထားတဲ့ ကျောက်ကျောမှုန့်ကို ထည့်ပြီး ရေ၇၀၀မီလီ ထပ်ထည့်ပေးပါမယ် ။ ပြီးရင် သကြား ၁၅၀ဂရမ်ကိုပါ ထည့်ပြီး သကြားပျော်တဲ့ ထိ မွှေပေးပြီး Grain syrup ကိုပါ ထည့်ပြီး မွှေပေးပါ။ ယောက်မလေးနဲ့ နှံ့စပ်အောင်မွှေပေးပါ ။ ဒီမုန့်လုပ်တဲ့ အခါ အရေးပါတဲ့တစ်ချက်က Grain syrupထည့်တဲ့အခါ အရောင်ပိုလှစေတာပါ။ ကျွန်မတော့ အချိုမကြိုက်လို့ ဆိုပေမယ့် အချိုကြိုက်သူများကတော့ သကြား သို့ Grain syrupကို ပိုထည့်ပေးပါ။
သေချာမွှေပြီးပြီဆိုရင်တော့ မြေပဲနီ အနှစ်ကို တစ်ဝက်လောက် အရင်ထည့်ပြီး မွှေပေးပါ ။ ပြီးမှ နောက်ထပ် တစ်ဝက်ကို ထည့်ပါနော်။ ၁၅~၂၀မိနစ်လောက် မီးနဲနဲ နဲ့ အပူလေး ခဏလောက် ပေးထားပြီး ထမင်းချက် ယောက်မလေးနဲ့ သေချာ မွှေနေပေးပါနော်။
ဆက်တိုက်မွှေပေးနေပြီး အနည်းငယ် ပွက်လာပြီဆိုရင်တော့ မီးပိတ်လိုက်ပါ ။ ကျောက်ကျောမှုန့်တော့ အေးသွားတာနဲ့ ခဲသွားမှာပါ ။ ဒါကြောင့် အိုးပြားထဲကို ရေထဲပြီး ခုနက ပဲအနှစ်ဖျော်ထားတဲ့အိုးကို အပေါ်တင်ပြီး heated bathနည်းနဲ့ မအေးသွားအောင် အပူပေးထားပါ။ ပြီးမှ မက်ခွက် တစ်ခုထဲကို ပဲအနှစ် တစ်ဝက်လောက် လောင်းထည့်လိုက်ပါ
ခွက်ထဲ ထည့်ပြီးတာနဲ့ မှုန့်လေးတွေ လုပ်တော့မှာ ဖုစ်ပါတယ် ။ လှပတဲ့ ပုံစံခွက်ကလေးတွေ ထဲကို ထည့်ပြီး အခဲခံလိုက်ရင် ရပါပြီ..အရည်လေးတွေထဲကို လှီးထားတဲ့ သစ်အယ်သီး တစ်ခြမ်းစီ ထည့်ပေးပါမယ် ။
ပြီးရင် အပေါ်ကနေ နောက်တစ်ထပ် ပြန်လောင်းချပါတယ် ။ နောက်ပြီးရင်တော့ အနည်းဆုံး ၂နာရီကြာအောင် အအေးခံပေးထားပါမယ် ။၆၄ခုလောက် လုပ်ပြီး ပိုတဲ့ အရည်တွေကို ဘူးတစ်ဘူးထဲ ထည့်ပြီး အအေးခံထားလိုက်ပါတယ် ။

၂နာရီ အအေးခံပြီးရင် ပုံစံခွက်ရဲ့ အနောက်ကနေ လက်မလေးနဲ့ တွန်းပြီး တစ်ခုချင်းပြီး အသာအယာထုပ်ပေးပါမယ် ... ။ ချောကလတ်လေးလို့တောင် ထင်မိပါသေးတယ်..။

ဒီကျောက်ကျောလေးတွေကို လှလှပပ ထုပ်ပိုးပြီး Chuseok (ကောက်သစ်စားပွဲတော်) လက်ဆောင်အဖြစ် ရင်းနှီးတဲ့ သူတွေကို ပေးမှာ ဖြစ်ပါတယ်။အိမ်မှာ ကိုယ်တိုင်လုပ်ပြီး ပေးရတာ နဲ့ ဝယ်ပြီး ပေးရတဲ့ အရသာက မတူဘူးလေ... ကိုယ်တိုင်လုပ်ပေးထားတော့ ပိုပြီး တန်ဖိုးရှိသလို ခံစားရစေပါတယ်..
ဒအပြင်ထုပ်ပိုးတဲ့ ဘူးအထိ သေချာ ဝယ်ပြီး ပြည်ပြည့်စုံစုံ လှလှပပ လေး လက်ဆောင်ပေးရင် .. လက်ခံရတဲ့ သူတွေအတွက်တော့ တကယ်ကို တန်းဖိုးရှိတဲ့ အစားအစာလေး ဖြစ်စေမှာ သေချာပါတယ်..

Credit : Facebook Shares

Ingredients

Directions