၀က်နံရိုး ပဲငပိပေါင်း

ဝက်နံရိုး ပဲငပိပေါင်းကို dim sum ဆိုင်အတော်များများမှာ လူအများစု ကြိုက်တဲ့ တမျိုးပါ။ နံရိုးပေါင်း အိအိလေးကို မကြိုက်တဲ့သူ နည်းပါတယ်။ လုပ်နည်းက သိရင်လွယ်ကူတာမို့အိမ်မှာပဲ ပေါင်းစားလို့ရတဲ့ နည်းလေးပါ။ လုပ်စားကြည့်နော်။

1

ပါဝင်သောပစ္စည်းများ

၁။ ဝက်နံရိုး - ၁ ပေါင်ခွဲ

၂။ ပဲငပိ အချို - ထမင်းစားဇွန်း ၂ ဇွန်း

၃။ ဟင်းချက် ဆန်ဝိုင် - ထမင်းစားဇွန်း ၁ ဇွန်း

၄။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

၅။ ကြက်သွန်ဖြူ - ၃ တက်

၆။ နှမ်းဆီ (ဆီမွှေး) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၇။ ငရုတ်ကောင်း - အနည်းငယ်

၈။ ပြောင်းဖူးမှုန့်(သို့) ကော်မှုန့်- ထမင်းစားဇွန်း ၁ ဇွန်း

၉။ ရေ - ထမင်းစားဇွန်း ၁ ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ နံရိုးများကို အတုံးအသေးလေးတွေတုံးပြီး သန့်စင်ထားပါ။ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။

၂။ ဇလုံတခုထဲတွင် ဝက်နံရိုးများထည့်၊ ပဲငပိအချို၊ ထောင်းထားသော ကြက်သွန်ဖြူ၊ ဟင်းချက် ဆန်ဝိုင်၊ သကြား၊ နှမ်းဆီ(ဆီမွှေး)၊ ငရုတ်ကောင်း တို့ကို ထည့်ရျ် သမအောင်နယ်ပါ။ အနည်းဆုံး မိနစ် ၃၀ ခန့်နှပ်ထားပါ။

၃။ နှပ်ထားသော ဝက်နံရိုးကို ရေ၊ ပြောင်းဖူးမှုန့်များထည့်ရျ် နယ်ပါ။

၄။ နယ်ထားသော ဝက်နံရိုးများကို အိုးထဲတွင် ရေခံရျ် ၁ နာရီခန့်ပေါင်းပါ။ ဝက်နံရိုးများနူးမနူးကြည့်ပြီး နူးလျှင် ဝက်နံရိုးပဲငပိပေါင်းကို သုံးဆောင်နိုင်ပါပြီ။

Credit : (Facebook Share)

Ingredients

Directions