၀က်နံရိုးကင်နည်း

1

၀က်နံရိုးကင်..တဲ့အခါ အထဲက အသား သေချာကျက်ပီး စားလိုက်တဲ့ အခါ နူးနူးညံ့ညံ့နဲ့ စိုစိုလေးဖြစ်အောင် ကင်ပါတယ်..။ အခု နံရိုးကင်က ဖန်အာဗင် (Halogen oven/ induction oven) ကိုသုံးပီး ကင်ထားတာပါ၊ ကိုယ်နှစ်သက်သလို အနံ့အရသာရအောင် ဟင်းခတ်အမွှေးအကြိုင်တွေ သုံးနိုင်ပါတယ်..။ ရယ်ဒီမိတ် BBQ sauce တွေနဲ့လည်းနှပ်ထားနိုင်ပါတယ်.. ။ ဒီနည်းလေးက ရိုးရိုးရှင်းရှင်းနဲ့ အလွန်လွယ်ကူပီး မီးအချိန်အဆ မှန်မှန်နဲ့ ကင်နိုင်ရင် အလွန်စားကောင်းပါတယ်..။

ပါဝင်ပစ္စည်းများ

1. ဝက်နံရိုး ၂ ပေါင်

2. ဆား သင့်ရုံ

3. ပဲငံပြာရည် ၁ စားပွဲဇွန်း

4. ချင်း ၂လက္မ အရွယ်

5. သကြား ၂ စားပွဲဇွန်း

6. ဟင်းချက်ဝိုင် ၁ စားပွဲဇွန်း

7. ကြက်သွန်ဖြူ မှုန့် အနည်းငယ်

ပြုလုပ်နည်း

1. ချင်းကို ညက်အောင်ထောင်းပါ

2. ဝက်သားကို နှစ်သက်ရာအရွယ် တုံးပါ၊ ပါဝင်ပစ္စည်း ၂-၅ အထိ ထည့်ပီး နယ်ပါ၊ ပလပ်စတစ်အိပ်တွင် ထည့်ပီး ရေခဲသေတ္တာတွင် တည နှပ်ထားပါ၊ ကင်ခါနီးတွင် အသားကို ထိမိလျှင်အေးနေရမည်၊ (အလွန် အေးမနေရပါ)။ အသားကို ကင်ဇကာပေါ်တင်ပါ၊ အသားပေါ် ကြက်သွန်ဖြူမှုန့် ဖြူးပါ၊ မီးအပူချိန် ၄၀၀ ံ F ဖြင့်
အရိုးဘက်အခြမ်းကို ၂၀ မိနစ် ကင်ပီး၊ နောက်တဘက်ကိုလှန်ပါ ၁၂-၁၅ မိနစ်ကင်ပါ၊

3. အသားကို သာမိုမီတာနဲ့ ထိုးကြည့်လို့ အပူချိန် ၁၄၅ အနည်းဆုံး ရှိရပါတယ်၊ မမီးတို့က ၁၆၀-၁၇၀ ံF အထိ ရောက်အောင် ကင်ပါတယ်..။ အသား အထူ အပါး အပေါ်မူတည်ပီး ကင်ရတဲ့ အချိန်ကာလ အတိုအရှည် ကွာနိုင်ပါတယ်။ ကျက်အောင်ဆိုပီး ကြာကြာကင်မိရင် စိုပီးနူးညံ့တဲ့ အသားမဖြစ်တော့ဘဲ..မာခြောက်ခြောက်ကြီး ဖြစ်သွားနိုင်ပါသည်..။

Credit: Meemeetofu

Credit : Facebook Shares

Ingredients

Directions