၀က်ကလီဇာဟင်း

1

ဝက်ကလီဇာ ချက်ရန်အတွက် အူမကြီး၊အူချို၊အူပိတ်၊အသည်း၊နှလုံး အားလုံးတို့ကို မကျည်းသီးမှည့်/ရှာလကာရည် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးပေးပါ။ ဒေါ်ပုကတော့ ကျောက်ကပ်က အနံ့ပြင်းလို့ထည့်မချက်ပါဘူး။ကြိုက်ရင်တော့ ထည့်ချက်လို့ရပါတယ်။

ဝက်ကလီဇာဟင်းထဲမှာထည့်မည့် ဝက်အူပိတ်ကတော့ စားရတာအရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။

အထပ်ထပ် အရစ် လေးတွေဖြစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။

ရေဆေးရာ၌ ရှာလကာရည်များ များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။

အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။

ဥပမာ ၁၀ လက်မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင်ဘက်ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။ ဝက်အူပိတ်ကို နှစ်ထပ်လုပ်ပြီး မလှီးပဲ အချောင်းလိုက်ပဲ ထည့်ချက်ပါ။ လှီးလိုက်လျှင် အတွင်းသားများ အကုန်ထွက်ကုန်ပါလိမ့်မည်။

ဝက်အူပိတ်ကို ဟင်းအိုးကျက်သွားပြီမှ အအေးခံကာ အနေတော်အရွယ်လေးတွေလှီးပေးပါ။

ဝက်ကလီဇာများကို ရေဆေးပြီး ကြိုက်နှစ်သက်သလို အတုံးသေးလေးတွေတုံးပြီး ဆား၊ငံပြာရည်၊နနွင်း တို့ဖြင့် ရောနယ်ကာ နာရီဝက်ခန့်နှပ်ထားပါ။

ပြီးနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ဂျင်းနှင့် ငရုတ်သီးခြောက် တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့်နှင့်မဆလာ အနည်းငယ်ထည့်ပြီး မွှေပေးပါ။ပြီးနောက် နှပ်ထားသော ဝက်ကလီဇာ များကိုထည့်မွှေ၍ နာနတ်ပွင့် ၄ ပွင့်လောက်ထည့်ပြီး အိုးမကပ်အောင်မပြတ်မွှေကာ ဆီပြန်လာသည်အထိ မွှေပေးပါ။

ပွက်ပွက်ဆူလာလျှင် ရေမြုပ်အောင်ထည့်၍ တည်ထားပါ။မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာကာ ရေခမ်းပြီးဆီပြန်လာလျှင် ဝက်ကလီဇာများ နူးမနူးမြည်းကြည့်ပြီး မနူးသေးပါက ရေအနည်းငယ်ထည့် ပြီး နူးအောင်ထပ်တည်ထားပါ။

ဝက်ကလီဇာများနူးပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ အရသာကောင်းမွန်သော ဝက်ကလီဇာဟင်းလေးကို သုံးဆောင်လို့ ရပါပြီရှင်။

Credit : ဒေါ်ပုလက်ရာ

Credit : Facebook Shares

Ingredients

Directions