အုန်းနို့ ရနံ့သင်း ပုဇွန်မီးဖုတ်

1

အုန်းနို့ ရနံ့သင်း ပုဇွန်မီးဖုတ်

ဒီဟင်းလျာလေးကို ပုဇွန်ကင်အစား ပုဇွန်ကို မီးနဲ့ဖုတ်တာမို့ မီးဖုတ်လို့ တင်စားပြောလိုက်ရပါတယ်။ ပုဇွန်ကို မျိုးစုံကင်စားတတ်ကြပေမယ့် ဒီတစ်ခါတော့ အုန်းနို့ရနံ့လေးနဲ့ အရသာတမျိုးလေးကို မိတ်ဆက်ပေးပါရစေ။ အုန်းနို့နဲ့ နှပ်ထားတာမို့ ကင်လိုက်လျှင် ပုဇွန်က ခြောက်ကပ်မသွားပဲ စိုစိုလေးနဲ့ ပုဇွန်ရဲ့ အချိုအရသာကို အပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ အပေါင်းအသင်းတွေ စုံရင်ပဲဖြစ်ဖြစ်၊ အိမ်မှာ မိသားစု ထမင်းဝိုင်းလေး မြိန်စေမယ့် ဟင်းလျာတစ်မျိုးပါ။ ဒါကြောင့် တူတူ လုပ်စားကြည့်လိုက်ရအောင်…

ပါဝင်သောပစ္စည်းများ [Ingredients]

ပုဇွန်ကျား [tiger prawn] ♦ ၂၅ကျပ်သား (အမြှီးချန်ပြီ အခွံခွာပေးပါ)
ကြက်သွန်နီ [onion] ♦ ၃လုံး (၈စိပျစိပျပေးပါ)
ငရုတ်ပွအစိမ်း [green pepper] ♦ ၂ခု (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပေးပါ)
ခရမ်းချဉ်သီး [tomato] ♦ ၂ခု (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပေးပါ)
ထောပတ် [butter] ♦ စားပွဲတင်ဇွန်း ၃ဇွန်း

ဆော့တွင် ပါဝင်ပစ္စည်းများ [Sauce Ingredients]

ၾကက္သြန္နီ [onion] ♦ ၁လုံး ( နှုတ်နှုတ်စဉ်းပေးပါ)
ကြက်သွန်ဖြူ [garlic] ♦ ၆မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
ငရုတ်ပွအရှည် [jalapeno pepper] ♦ ၁ခု (နှုတ်နှုတ်စဉ်းပေးပါ)
သံပရာရည် [lime juice] ♦ စားပွဲတင်ဇွန်း ၃ဇွန်း
သံလြင္ဆီ [olive oil] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
အုန်းနို့နှစ် [coconut cream] ♦ ၂၀၀ ဂရမ်
ဆား [salt] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် [white pepper] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
တရုတ်နံနံပင် [cilantro] ♦ အနည်းငယ် (နှုတ်နှုတ်စဉ်းထားပါ)

ချက်ပြုတ်နည်းများ [Cooking Recipes]

၁။ အရင်ဆုံး အခွံခွာထားသော ပုဇွန်ကျားများကို ကျောခွဲကာ ချေးများထုတ်ပြီ သန့်စင်ပေးပါ။

၂။ ပြီနောက် (ငရုတ်ပွစိမ်း၊ ခရမ်းချဉ်သီး၊ ပုဇွန်၊ ကြက်သွန်နီ )များကို သံတံစို့များဖြင့် ပုံတွင် ပါသည့်အတိုင်း ရောင်စုံလေးများ သီထားပေးပါ။

၃။ သီထားပြီလျှင် ဆော့ပြုလုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးရှည်၊ အုန်းနို့၊ သံပရာရည်၊ သံလွင်သီ၊ အုန်းနို့၊ ဆား၊ ငရုတ်ကောင်းမုှန့်၊ နံနံပင်) အားလုံးကို ဇလုံတစ်ခုထဲတွင် သမအောင် ရောမွှေလိုက်ပါ။

၄။ ဆော့ရည်များကို ပုဇွန်တံစို့များအပေါ်သို့ လောင်းချပေးပါ။ ပြီးလျှင် ရေခဲသေတ္တာထဲတွင် ၁နာရီခန့် နှပ်ထားပေးပါက ပိုမို အရသာကောင်းမွန်ပါသည်။

၅။ ပုဇွန်ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၆။ နှပ်ထားသော ပုဇွန်သီများကို စကင်လို့ရပါပြီ။

ရ။ ကင်နေစဉ်တွင် ထောပတ်(သို့)သံလွင်ဆီများ အပေါ်မှ သုတ်ပေးပြီ ကင်ပါ။

၈။ ပုဇွန်များ၊ ဟင်းရွက်များ ကျက်သည်အထိ ၂မိနစ်ခြား တစ်ဘက်ပြောင်းပြီ ကင်ပေးပါ။

၉။ ပုဇွန်ကင် ရပြီဆိုလျှင် သံပရာသီးကို စိတ်ပြီ တွဲဖက်သုံးနိုင်ပါပြီ.

Credit : Facebook Shares

Ingredients

Directions