အိန္ဒိယလက်ဘက်ရည် ဖျော်နည်း

1

အိန္ဒိယလက်ဘက်ရည်ဖျော်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့…

အချိုခြောက်

နွားနို့

သကြား

ဂျင်း

သစ်ဂျပိုးခေါက်

ဖာလာစေ့

ဖာလာအကြီး

လေးညှင်း

ငရုပ်ကောင်းစေ့

စမုံစပါး (စမုံစပါးက မထည့်လည်းရ)

========
ပြုလုပ်နည်း
========
သစ်ဂျပိုးခေါက် ဖာလာစေ့ ဖာလာအကြီး လေးညှင်း ငရုပ်ကောင်းစေ့ စမုံစပါး အားလုံးကို ရောပြီး ထောင်းထားလိုက်ပါ။ အရမ်းညှက်စရာမလို။ မထောင်းချင်ရင်လည်း အားလုံးကို ကြိပ်စက်နဲ့ ရောကြိပ်လိုက်လို့ရပါတယ်။

အချိုခြောက်ကို အဖန်ရည်ကျအောင် နှပ်ထားပါ။

နွားနို့ကို ပျစ်ပျစ်လေး ကျိုထားပါ။

ပြီးရင် ရေနွေးတည်ပြီး အဲ့ရေနွေးအိုးထဲ ဂျင်း ကို အရင်ဆုံး ထောင်းထည့်ပါ။ ( ဂျင်း အခွံခွာစရာမလို)။ (ဂျင်း အခြောက်ထည့်လည်းရပါတယ်)။ ရေနွေးပွက်ပွက်ဆူလာပြီး ဂျင်းလည်း ကျက်သွားပြီဆိုတဲ့အခါမှ အားလုံးရောထောင်းထားတဲ့ ဖာလာ လေးညှင်း သစ်ဂျပိုး ငရုပ်ကောင်း စတာတွေကို ထည့်လိုက်ပါ။ ဆားလေးနည်းနည်းထည့်ပါ။

တစ်ချို့ကတော့ အချိုခြောက်နှပ်ထားတဲ့အရည်အထဲမှာပဲ အဲ့အဆာပလာတွေ တစ်ခါတည်း ရောထည့်ပြီး ကျိုလိုက်တာလည်း ရှိပါတယ်။

ခရမ်းပြာကတော့ သူ့အနံ့အရသာလေးကို ကိုယ့်စိတ်တိုင်းကျ လိုတိုး ပိုလျှော့လေး လုပ်ပြီး စိတ်ကြိုက်အရသာလေး သောက်ချင်တာမို့ အချိုခြောက်နှပ်ရည်သပ်သပ် ဖာလာ လေးညှင်းစတဲ့အဆာပလာအရည် သပ်သပ် တစ်အိုးစီ တည်လိုက်တာပါ။

တကယ်လို့ အဲ့ဒီ ဖာလာ လေးညှင်းစတဲ့ အရသာတွေကို သိပ်မကြိုက်ရင် အဲ့အရည်လေးကို လက်ဘက်ရည်ဖျော်တဲ့အခါ လျှော့ထည့်ပြီး ကြိုက်ရင်တော့လည်း ပိုပြီးထည့်လို့ရတာပေါ့။

Credit : Facebook Shares

Ingredients

Directions