အာလူး ဒိန်ချဉ်ဟင်းလျာ

1

အာလူး ဒိန်ချဉ်ဟင်းလျာ (Dum Aloo)
----------------------------------------
မြောက်ပိုင်း အိန္ဒိယစတိုင် နံမည်ကြီး အာလူး ဒိန်ချဉ်ဟင်းလျာပါ။ အာလူးကို အရင်ကြော်ပြီမှ ဒိန်ချဉ်နဲ့နုပ်ပြီ ပြန်ချက်ထားတဲ့အပြင် သီဟိုဌ်စေ့ထောင်းပါ ထည့်တာမို့ အရသာက စိမ့်ပြီ စားလို့ ကောင်းပါတယ်။ သတ်သတ်လွတ် စားမယ့်သူများအတွက် အထူးကောင်းမွန်တဲ့ ဟင်းတစ်ခွက်ပါ။ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

အာလူး(လုံးသေး) – ၈၀၀ ဂရမ်
ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်သီး(အရောင်တင်မှုန့်) – လက်ရည်ဇွန်း ၃ဇွန်း

ဒိန်ချဉ်(အချို) – ၁ခွက်
ဂျင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
လေညှင်း – ၄ပွင့်
မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဖာလာမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
ဟင်းရွက်ဆီ (သို့) mustard ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
သီဟိုဌ်စေ့ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက်ထောင်းပါ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး အာလူး အခွံနွှာပြီ ရေထဲ ၁၅မိနစ်ခန့် စိမ်ထားပါ။

၂။ ပြီနောက် အာလူးများကို ရေပြန်စစ်ပြီ ဆီများများ ထည့်ထားသော ဒယ်ထဲတွင် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၃။ ထို့နောက် ဇလုံတစ်ခုထဲတွင် (ဒိန်ချဉ်၊ အားလူး၊ ငရုတ်သီးမှုန့်၊ ဂျင်းမှုန့်၊ သစ်ဂျပိုးမှုန့်၊ ဖာလာမှုန့်) တို့ကို သမအောင် ရောမွှေပြီ ၁နာရီခန့် နုပ်ထားပေးပါ။

၄။ ပြီနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့်ပြီ ဆီပူလျှင် လေညှင်း၊ ကလဝေရွက်၊ ရေ(ခွက်ဝက်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

၅။ ပြီလျှင် အာလူးနဲ့ဒိန်ချဉ် ရောနုယ်ထားသည်ကို ထည့်ပြီ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့် တည်ထားပေးပါ။

၆။ အာလူးဟင်းဆီပြန်လာလျှင် မာဆလာ၊ ငရုတ်ကောင်းမှုန့်၊ ဇီယာမှုန့်၊ သီဟိုဌ်စေ့များ ဖြူးပေးပါ။

ရ။ နောက်ဆုံးမှ မီးပိတ်ကာ နံနံပင် အုပ်ပေးပြီ အရသာရှိသော အာလူး ဒိန်ချဉ်ဟင်းလျာကို သုံးဆောင်လို့ရပါပြီ…

Wutyee Food House
------------------------------------

Credit : Facebook Shares

Ingredients

Directions