အာလူးရွှေဥကြော် မွမွရွရွလေး

1

အာလူးရွှေဥကြော် မွမွရွရွလေး

အာလူးရွှေဥကြော်လို့ ချစ်စရာ နံမည်လေး ပေးမိပေမဲ့ အာလူးခြစ်ကြော်လေးပါဘဲ ရွှေဥလေးလိုဆုတ်ပြီး လုံးကြော်လေး ကြော်ထားတာမို့ နံမည်လေး ကြားတာနဲ့တင် ကလေးအကြိုက်လေး ဖြစ်မှာသေချာပါတယ် ကြော်နည်းလေးပြောပြပါမယ် ကြော်ရတာလွယ်သလောက် စားလို့တော့ အရမ်းကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

အခွံခွာပြီးအလုံးလိုက် ရေစင်အောင်ဆေးကာ အသီးခြစ်သော ခြစ်ခပ်ကြမ်းကြမ်းနှင့် ခြစ်ထားသောအာလူး - 500 g

ဆား - လက်ဖက်ရည်ဇွန်း တဝက်

အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ

နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

တန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်

ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ

ခြစ်ထားသောအာလူးကို ရေသန့်သန့်နှင့် ၅ထပ်လောက်ဆေးပြီး ရေစင်အောင် ညှစ်ထားပါ

အားလုံးကို ဇလုံတလုံးမှာထဲ့ပြီး ခပ်ဖွဖွလေးနယ်ပေးထားပါ

ကြော်ဖို့ပြင်ပါမယ်

မကပ်တဲ့ ဒယ်အိုးတလုံးကို အပူပေးပါ

အိုးပူလာပါက မီးရှိန်နဲနဲလျှော့ပြီး ဆီလက်ဖက်ရည်အကြမ်း ပန်းကန် နှစ်လုံးစာလောက် ထဲ့ပေးပါ

ဆီပူလာပြီးကျက်လာပါက အရသာနယ်ထားသော အာလူးခြစ်ကို အနေတော်ယူကာ အသာအရာ ဆုတ်ပြီး ထွက်လာသော အရည်များကို ညှစ်ချပြီးမှ ဆီအိုးထဲကို ထဲ့ပေးပါ

မီးအရမ်းမများစေရန် သတိထားပါ

တစ်ဖက်ရွှေဝါရောင်းသန်းလာပါက နောက်တစ်ဖက်ကို လှန်ပြီးကြော်ပေးပါ

နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ

ဆီစစ်သွားပါက အရသာရှိသော အာလူးရွှေဥကြော်မွှေးမွှေး စိမ့်စိမ့်ရွရွလေးကို သုံးဆောင်နိူင်ပါပြီ။
Crd.mar mar See less

Credit : Facebook Shares

Ingredients

Directions