အာပြဲခြောက်ကြော် မွမွလေး

1

"အာပြဲခြောက်ကြော် မွမွလေး"

အာပြဲခြောက်ကြော် မွမွလေး အတွက် လိုအပ်တာလေးတွေ…

ဆီ – 2 cups (500 ml)
ပါးပါးလှီးထားသော ကြက်သွန်နီ – 1 1/2 cups (375 ml)
ပုံပါအတိုင်း ခပ်သေးသေးခုတ်ပိုင်းထားသော အာပြဲခြောက် – 300 g (သေချာစွာခြောက်သွေ့အောင် နေလှန်းထားသော အာပြဲခြောက်)
ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၄ ဇွန်းခန်.
ပုဇွန်ခြောက်မှုန်. – 3 cups
ငရုတ်သီးအကြမ်းမှုန်. – ထမင်းစားဇွန်း ၅ ဇွန်း (သို.) ကိုယ်စားနိုင်သလောက်

ဆီအေးထဲ ကြက်သွန်နီထည့်ပြီး high heat နှင့် မွှေကြော်ပေးပါ။
ညိုဝါရောင်စသန်းလာလျှင် မီးဖိုမှဖယ်ကာ ဆီအပူရှိန်နှင့် ကြက်သွန်နီများ ဆက်ပြီး ကျက်အောင် ၃ မိနစ်ခန်. ဆက်ပြီးမွှေပေးပါ။
ပြီးလျှင် ဆယ်ထုတ်ကာ ဇကာထဲထည့်ပြီး ဆီစစ်ထားပါ။

ထိုဆီပူထဲ ငါးခြောက် နှင့် ကြက်သွန်ဖြူထည့်ကာ medium heat နှင့် အောက်ပါပုံ အတိုင်း ဝါညိုရောင် ဖြစ်လာသည်အထိ မွှေကြော်ပေးပါ။ (ဆီအမြှုပ်များထပြီး ဝေမကျစေရန် နှင့် ကြက်သွန်ဖြူများ တူးမသွားစေရန် မီးအပူကိုလျှော့ထားပြီး မကြာခဏမွှေပေးဖို.လိုပါတယ်။)
ဝါညိုရောင်ပြောင်းလာသည်နှင့် ပုဇွန်ခြောက်မှုန်.များထည့်ပြီး ၁ မိနစ်ခန်.မွှေကြော်ပေးပါ။
ပြီးလျှင် ငရုတ်သီးအကြမ်းမှုန်.ထည့်ကာ မီးအပူကို အနည်းငယ်ထပ်လျှော့ပြီး မီးအေးအေးနှင့် ငါးခြောက် နှင့် ပုဇွန်ခြောက်များ မွပြီးကြွပ်လာအောင် ၅ မိနစ်ခန်. မွှေကြော်ပြီး မီးဖိုမှချကာ အအေးခံထားပါ။ (ဆီများတတ်နိူင်သမျှ မကျန်စေရန် လိုအပ်လျှင် ပုဇွန်ခြောက်မှုန်.ထပ်ထည့်ပေးပါ၊)
ငါးခြောက်ကြော်အေးသွားလျှင် အအေးခံထားသည့်ကြက်သွန်ကြော်လေးနှင့် ရောမွှေကာ ခရမ်းချဉ်သီး အစိမ့်သုပ်၊ ဝက်သားလုံး ပျဉ်းတော်သိမ်ရွက် အုပ်ချက် တို.နှင့် တွဲဖက်ကာ အရသာရှိစွာသုံးဆောင်နိူင်ပါပြီ။

Crd.chawsu

Credit : Facebook Shares

Ingredients

Directions