“အမဲသားBarbecue ရေဘဝဲ ဟင်းရည် (or) Bulnak-Jeon-Gol”

1

လူကြီးမင်းတို့ရေ...
ခုတစ်လော ရောဂါတွေလည်း တစ်ဖြည်းဖြည်းတိုးနေတော့ အားလုံးလည်း ကိုချစ်ရတဲ့ မိသားစု မိတ်ဆွေတွေ အတွက် စိတ်တွေ ပူနေကြရောပေါ့နော် ..ဒီအချိန်မှာ လိုအပ်တာက ကိုယ် ခံအား ကောင်းဖို့က အရေးကြီးဆုံးပါပဲနော်...

အမဲသား ( အဆီမများတဲ့ ပေါင်သား..စသည်) ၅၀၀ဂရမ် ၊ ရေဘဝဲ ၁ကောင် ၊ ကြက်သွန်နီ ၊ကြက်သွန်မြိတ် ၊ ခါကြက်ဥ ၊ သခွါး ဖရုံ ၊ ငါးငံပြာရည် ၁ဇွန်း + ရေ ၁.၅ခွက် ၊ ပဲကြာဇံ

အမဲသား နယ်ဖို့ : ပဲငံပြာရည် (အပြစ်)၁ဇွန်း ၊ အကျဲ ၁ဇွန်း ၊ Oligosaccharide ၃ဇွန်း(သကြားအစားထိုး ကိုရီးယား ဟင်းချက်ပစ္စည်း ) ၊ နှမ်းဆီ ၁ဇွန်း ၊ ငရုတ်ကောင်း အနည်းငယ် ၊ ဆန်အရက် အနည်းငယ်

ရေဘဝဲ နယ်ဖို့ : ပဲငံပြာရည် အပြစ် ၁ဇွန်း ၊အကျဲ ၁ဇွန်း ၊ ငရုတ်သီးမှုန့် (အရောင်တင်မှုန့်သုံးလို့လည်း ရတယ် ) ၊ ဆန်အရက် အနည်းငယ် ....

အကျဉ်းချုပ်...
၁ ။ အသီးအရွက်တွေကို ကြီးကြီးလေး လှီးပြီးတော့ အိုးထဲ ထည့်ပြီး အပေါ်က နယ်ထားတဲ့ အသားတွေ ထည့်မယ် ။
၂ ။ ငါးနီတူး စွပ်ပြုတ် ပြုတ်ထားပြီး ၊ ပွက်တဲ့အခါ ကြက်သွန်မြိတ် ထည့်ပြီး လိုအပ်တဲ့ အရသာအတွက် ဆားလေးပဲ ထည့်ပေးရင် ရပါပြီ...

ဟင်းထဲက ကိုကြိုက်တာလေးတွေ ရွေးစားပြီး ၊ ကြာဇံ ဖတ်ကိုလည်း ရှလွတ် ကနဲ ၊ ...
နောက်ဆုံးမှာ ကင်မ်ချီ လေး ထည့်ပြီး ထမင်းကြော်လေးနဲ့ အိမ်မှာ စားလိုက်ရရင်တော့ ......
ကိုယ်ကြိုက်တဲ့ အသီးအနှံလေးတွေ ထည့်ပြီး အရသာရှိရှိ စားမယ်ဆိုရင် ....!!!

ကဲ ဒါဆို အသေးစိတ် ချက်နည်းကို အောက်မှာ ဆက်ပြောမယ်နော်..
၁ ။ အဆင့်ပြင်ဆင်မယ်
အသီးအရွက်တွေကို ကြီးကြီး စိပ်မယ် ၊ အသားရဲ့ အဆီမများတဲ့ အပိုင်းကို ပါးပါးလှီးပြီး အပေါ်က ပြောတဲ့ အတိုင်း နယ်ထားမယ်..
ရေဘဝကိုတော့ ၁ကောင်တည်းပေမယ့် ဂျုံမှုန့်နဲ့ ဆားလေး နည်းနည်းနယ်ပြီး သေချာ စင်ကြယ်အောင် ဆေးမယ် ။ ပြီးရင် သင်တင့်တဲ့ အရွယ်လေးတွေ လှီးထားမယ်
၂ ။ အမဲသားကိုတော့ ပဲငံပြာရည် အကျဲ ၃ဇွန်း၊ အပြစ် ၁ဇွန်း ၊Oligosaccharide ၃ဇွန်း(သကြားအစားထိုး ကိုရီးယား ဟင်းချက်ပစ္စည်း ) ၊ နှမ်းဆီ ၁ဇွန်း ၊ ငရုတ်ကောင်း အနည်းငယ် ၊ ဆန်အရက် အနည်းငယ် ထည့်ပြီး နယ်ထားမယ် ။ မိမိပါးစပ် အကြိုက်လိုက်ပြီး ကြက်သွန်ဖြူ ထောင်းထည့်လို့လည်း ရတယ်နော်
၃ ။ ရေဘဝဲကို ပဲငံပြာရည် အပြစ် ၊ အကျဲ ၁ဇွန်းဆီ ၊ သကြား ဝ.၅ဇွန်း ၊ ငရုတ်ကောင်း ၊ငရုတ်သီးမှုန့် ၁ဇွန်း တို့ကို ထည့်ပြီး နယ်ပါမယ် ။
၄ ။ အသီးအရွက်တွေကို အရင်ဆုံး အိုးအောက်မှာ ထည့်မယ် ။အောက်ပိုင်းမှာ ကပ်မသွားနိုင်အောင်လို့ပါ ။ ပြီးရင် နယ်ထားတဲ့ အမဲသားနဲ့ ရေဘဝဲ နဲ့ ကြာဇံတို့ကိုပါ ထည့်ပါမယ် ။
၅ ။ အရည်ကိုတော့ ငါးသေးသေးလေး (ငါးနီတူး )စွပ်ပြုတ် ၊ ရေညှိ တို့ကို ထည့်ပြီး ချက်တဲ့ခါ ပိုအရသာရှိပါတယ် ။ ဒါပေမယ့် အဲ့ဒါ မရှိဘူးဆိုရင် ရေ တစ်ခွက်ခွဲ နဲ့ ငါးငံပြာရည် ၁ဇွန်း ရောပြီး ထည့်မယ်ဆိုရင်လည်း ရပါတယ် ။ အရသာ ထပ်လိုတယ် ထင်ရင် ငံပြာရည် ထပ်ထည့်လိုက်ပေါ့ ။

၆ ။ အရည်ပွက်ပြီ ဆိုရင် ကြက်သွန်မြိတ်ထည့်ပြီး ငရုတ်သီးမှုန့် ၁ဇွန်း ၊ ငရုတ်သီးစိမ်း တစ်ထောင့် လောက် လှီးပြီး တခဏလောက် ထက် တည်ထားလိုက်ပါ ။ ကဲဒါဆိုရင် အရသာရှိတဲ့ အမဲသား ရေဘဝဲ ဟင်းရည် ရရှိပြီ ဖြစ်ပါတယ် ။အိုးလိုက်ပဲ ထမင်းစားပွဲပေါ် တင်ပြီး စားလည်း အရသာရှိသလို ။ မြေအိုးမြီးရှည် ပန်းကန် သို့မဟုတ် ပန်းကန် လှလှလေးထဲ ထည့်ပြီး စားလည်း လှလှပပ အရသာရှိရှိ စားလို့ရတာပဲ ..
ငရုတ်သီးစိမ်းလေးပါ ထပ်ထည့်လိုက်တော့ ပိုပြီးရှုးရှုရှဲရှဲ ဖြစ်သွားတော့ ပိုကောင်းတာပေါ့လေ ။
နူးညံ့နဲ့ အမဲသား နဲ့ ကျစ်ကျစ်လစ်လစ် ရေဘဝဲတို့ရဲ့ ထူးခြားတဲ့ အရသာ...
ပင်လယ်စာနဲ့ အမဲသား တကယ်ကို လိုက်ဖက်တဲ့ အတွဲ!!!! ဒီ အတွဲထဲကိုမှ ကြာဇံအထိ တူတူတွဲဖက်တော့ ကဲ
ဘာပြောစရာကျန်ဦးမလဲ ။
အိမ်မှာ နည်းနည်းလောက် အပင်ပန်းခံ ချက်စားလိုက်တော့ အပြင်စာတွေထက် အရသာလည်း ရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ရတယိလေ ။
ကဲကဲ ဒီရုံးပိတ်ရက်လေး အချိန်ရတုန်း အားဖြည့်လိုက်ကြပါဦးနော်.

Credit : Facebook Shares

Ingredients

Directions