အမဲသား မီယော့ဂု ချက်နည်း

1

“[소고기미역국, Seogogi Miyeok-guk, Sogogi Miyeok-guk, Korean Beef seaweed soup] အမဲသား မီယော့ဂု ချက်နည်း”

ဒီတစ်ခါတင်ဆက်ပေးမယ့် အစားအစာလေးကတော့ ကိုရီးယားကားတွေမှာ မွေးနေ့တိုင်းမှာ စားလေ့ရှိတဲ့ မီယောဂု ဟင်းရည် ချက်နည်းကို ပြောပြသွားမှာ ဖြစ်ပါတယ် ~~~
မွေးနေ့မဟုတ်လည်း ချက်စားလို့ရပါတယ်နော်....
အသားကိုလည်း မိမိစိတ်ကြိုက် ပြောင်းလဲချက်စားလို့ရပါတယ်နော်~~~

ပါဝင်ပစ္စည်းတွေကနေ စတင် ပြင်ဆင်ပါမယ်နော်

အချိန်အဆ: ထမင်းစားဇွန်း ၊စက္ကူခွက်
ပါဝင်ပစ္စည်း (၃~၄ယောက်စာ)
အမဲသား(ရင်ပုံသား) ၁၀၀ဂရမ်၊ ညှပ်ပြီးသား မီယော့ (ရေညှိ)၁၀ဂရမ်၊ နှမ်းဆီ ၂ဇွန်း ၊ပဲငံပြာရည် (အကျဲ) ၃ဇွန်း၊ ရေ အနည်းငယ်၇ခွက် (၁.၃လီတာ) ၊ကြက်သွန်ဖြူထောင်း ၂/၃ဇွန်း၊ငံပြာရည် ၁.၅ဇွန်း

မီယော့က ရေစိမ်လိုက်တာနဲ့ ပွလာတတ်တာမလို့ ခွက်ရဲ့ ၃ပုံ၁ပုံ အနည်းငယ်လောက်ဆိုရင်ကို ၃~၄ယောက်လောက် စားလို့ရပါတယ်။

ရေထဲကို စိမ်လိုက်တာနဲ့ အများကြီး ပွတက်လာမှာ ဖြစ်ပါတယ်။အသားကိုတော့ အမဲ ရင်ပုံသားပြင်ဆင်ထားပါတယ်။
ဒီမှာတော့ တစ်ခါစား အထုပ်လေးတွေ ရောင်းတာကြောင့်မလို့ အရမ်းအဆင်ပြေပါတယ်
အသားကတော့ ခွက်တဝက် ၁၀၀ဂရမ်လောက် ပြင်ထားပြီး သွေးတွေ ပေကျံနေတာကို ရေဖြင့်ဆေးကြောလိုက်ပါတယ်

ဘတ်ဂျွန်ဝမ် မီယော့ဂု ဟင်းလျာထဲမှာ ပါဝင်မယ့် ပစ္စည်းများကတော့~ လွယ်ပါတယိ။ ဒီလိုမျိုးလေး ကြိုတင်ပြင်ဆင်ထားရင် ချက်ရတာ ခဏလေးပါ

အသားကို ဒီတိုင်းပြုတ်လို့ ရပေမယ့် ရေထဲကိုအညစ်အကြေးတွေ ထွက်လာနိုင်တာကြောင့် နှမ်းဆီလေး ၂ဇွန်းလောက်နဲ့ ကြော်ပြီးမှ ပြုတိတာက ပိုကောင်းပါတယ်။

ဒီလိုကြော်တဲ့ အချိန်မှာ မီးနဲနဲနဲ့ ကြော်မှ မကပ်မှာပါနော်။ အသားကို အနီရောင်ပျောက်တဲ့ထိ ကြော်ရပါမယ်
ဒီနေရာမှာ ရေစိမ်ထားတဲ့ မီယော့တွေကို ထည့်ပြီး ကြော်ပါမယ်။ဒီအချိန်မှာ ပဲငံပြာရည် ၃ဇွန်းလောက် ထည့်ပြီး ကြော်ပေးပါ။မီယော့နဲ့ အသားထဲကို အရသာဝင်အောင် ကြော်မှသာ မီယော့ဂု အရည်ပါ အရသာရှိပါမှာပါ
ရေကတော့ မီယော့နဲ့ အသားရဲ့ ၃ပုံ၁ပုံလောက် ထည့်ပါ။၁.၅လီတာလောက် ထည့်ပြီး ဆက်ပြုတ်ပါ
ထောင်းထားတဲ့ ကြက်သွန်ဖြူကို မွှေးမွှေးလေးထွက်လာချင်တယ်ဆိုရင် ရေမဆူခင် အရင်ထည့်ပါ။ အနံ့အရမ်းထွက်စေချင်ရင်တော့ ရေဆူတဲ့ အချိန်ထည့်လည်း ရပါတယိ
ကျွန်တော်ကတော့ ရေမဆူခင် ထည့်ပါတယိ
နောက်ဆုံးကိုတော့ ငံပြာရည်နဲ့ ပိတ်ပါမယ်။၁.၅ဇွနိးလောက် ထည့်ပြီး အရသာမြည့်ကြည့်ပါ။ငံပြာရည်မကြိုက်တာ သို့မဟုတ် မရှိရင်လို့ ပဲငံပြာရည်နဲ့ပဲလည်း ရပါတယ်။
ပြုတ်ရမယ့် အချိန်ကတော့ ကြာကြာပြုတိလေ ကောင်းလေပါပဲ။ ဆရာဘတ် ကတော့ ရေဆူလာရင် မီးပိတ်လိုက် ခဏနေ ပြန်ပြုတ်လိုက် လုပ်ရင် ပိုကောင်းပါတယ်တဲ့
ကျွန်တော်ကတော့ မီးနဲနဲ နဲ့ ၁၅မိနစ်ပြုတ်လိုက်ပါတယ်
လုပ်စားနေကျ မီယော့ဂုနဲ့တော့ အနည်းငယ် ကွာခြားပါတယိ။ ဒိတစ်ခါတော့ နည်းနည်း ကြည်လင်တဲ့စတိုင်လေးပေါ့နော်~~~~
Korean အစားအစာကြိုက်နှစ်သက်တယ်ဆိုရင် တစ်ခါလောက်တော့ စားကြည့်ကြပါဦးနော်~~~~

Credit : Facebook Shares

Ingredients

Directions