အမဲသားလုံးဟင်းချို

1

အမဲသားလုံးဟင်းချို
..........................
ဂေါက်သီးအရွယ် အမဲသားလုံးများကို မုန်ညင်း၊ မှိုတို့ဖြင့်
ရောချက်ထားတာမို့ အရသာက ပြောဖွယ်ရာမရှိပါဘူး။
နှမ်းဆီနဲ့ ငရုတ်ကောင်းရနံ့လည်း သင်းနေတာမို့
ခုပဲချက်ကြည့်ရအောင် . . . ။

အမဲသားလုံး ပါဝင်သောပစ္စည်းများ
............................................
• အမဲသား - ၃၀၀ ဂရမ်
• ကြက်သွန်ဖြူ - ၃ခု (နုပ်နုပ်စဉ်းပါ)
• ချင်း - လက်ဖက်ရည်ဇွန်းတစ်ဝက် (နုပ်နုပ်စဉ်းပါ)
• ကြက်သွန်မြိတ် - ၁ခု (နုပ်နုပ်စဉ်းပါ)
• ဆန်ဝိုင် - စားပွဲဇွန်း ၁ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ပဲငံပြာရည် (အကြည်) - စားပွဲဇွန်း ၂ဇွန်း
• နှမ်းဆီ - စားပွဲဇွန်း ၁ဇွန်း
• ကြက်ဥ - စားပွဲဇွန်း ၁ဇွန်း (ခလောက်ပါ)
• ကော်မှုန့် - စားပွဲဇွန်း ၁ဇွန်း
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ဟင်းချို အတွက်ပါဝင်သောပစ္စည်းများ
.................................................
• အမဲသားလုံး
• တရုတ်မုန်ညင်း - တစ်ဝက် (အရှည်လှီးပါ)
• မှိုခြောက်ပွင့်(အမဲ) - ၆ခု
(ရေနွေးဖြင့် ၂မိနစ်ခန့်ပြုတ်ပြီး အညှာများလှီးထားပေးပါ)
• ပဲငံပြာရည် (အကြည်) - စားပွဲဇွန်း ၂ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၁ဇွန်း
• ကြက်သွန်မြိတ် - ၁စည်း (အဝိုင်းလေးများ လှီးပါ)
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
• ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ဆီ - စားပွဲဇွန်း ၂ဇွန်း

အမဲသားလုံး ချက်ပြုတ်နည်း
....................................
၁။ အမဲသားလုံးအတွက် ပါဝင်သောပစ္စည်း
(အမဲသား၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ဆား၊
ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်)
အားလုံးကို သမအောင် ရောနယ်လိုက်ပါ။

၂။ ပြီးလျှင် ဂေါက်သီးအရွယ် အမဲသားများကို
အလုံးလေးများလုံးလိုက်ပါ။

၃။ ထို့နောက် ဒယ်ပြားထဲ ဆီအနည်းငယ်ထည့်၍
အမဲသားလုံးများကို နီညိုရောင်သမ်းလာသည်အထိ
ကြော်ပေးပါ။

ဟင်းချို ချက်နည်း
...........................
၁။ ဒယ်အိုးထဲသို့ ရေ(သို့) ဟင်းရွက်ပြုတ်ရည် ၅ ခွက်၊
ဆီ ထည့်ပြီး ဆူလာအောင်တည်ထားပါ။

၂။ ဆူလာလျှင် ဒယ်အိုးအတွင်းသို့ ကြော်ထားသော
အမဲသားလုံးများ၊ မှိုခြောက်၊ တရုတ်မုန်ညင်းများကို
ထည့်လိုက်ပါ။

၃။ အရသာအတွက် ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်
ထည့်ရောမွှေလိုက်ပါ။

၅။ အရသာအပေါ့အငန် အနေတော်သွားလျှင်
ကြက်သွန်မြိတ်များ၊ ငရုတ်ကောင်းမှုန့်များကို
အပေါ်မှ ဖြူးပေးလိုက်ပါ။

၆။ ငရုတ်ကောင်းနံ့လေးသင်းနေသည့်
အမဲသားလုံးများကို စားသုံးနိုင်ပါပြီ။

...............................
Crd.
Wutyee
............................... See less

Credit : Facebook Shares

Ingredients

Directions