အမဲသားနှပ်

အမဲသားနှပ် အိအိလေး

1

1. အရွတ်ကလေးများပါသော အမဲသား – 1 kg (၆၅ ကျပ်သား)

2. အတုံး ကြီးကြီး လှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၃ လုံးခွဲ

3. ခရမ်းချဉ်သီး – 400 g တစ်ဗူး + ခရမ်းချဉ်သီး အလုံးကြီး တစ်လုံး

4. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

5. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

6. ဇီယာစေ့ (cumin seeds) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

7. မဆလာ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ

8. နံနံစေ့ အမှုန့် (coriander powder) – ထမင်းစားဇွန်း ၁ ဇွန်း

9. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

10. chicken powder – ထမင်းစားဇွန်း ၂ ဇွန်း (အပေါ့ အငံ မိမိနှစ်သက်သလို ထည့်ပါ)

11. ဆီ – 300 ml (ဆီများများဖြင့် ချက်မှ ကောင်းသောကြောင့် ဆီကိုလျှော့မထည့်ပါနှင့်။ကျက်သောအခါမှ မစားချင်လျှင် အနည်းငယ်ခပ်ထုတ် ပစ်ပါ)

12. ပျဉ်းတော်သိမ်ရွက် (curry leaves) – ၁၅ ရွက်ခန့်

ပျဉ်းတော်သိမ်ရွက်မှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို မကပ်နိူင်သည့် အိုးတစ်လုံး ထဲ ထည့်ကာ ရောနယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။

ပြီးလျှင် high heat ဖြင့် ၁၀ မိနစ်ခန့် တည်ထားပါ။ (အနည်းငယ်မွှေပေးပါ။)

ပြီးလျှင် medium heat သို့လျှော့ကာ အဖုံး ဖုံးပြီး နာရီဝက်ခန့် တည်ထားပါ( ၄-၅ ခါခန့် မွှေပေးပါ)။

low heat သို့လျှော့ချပြီး နောက်ထပ် နာရီဝက်ခန့် ဆက်တည်ပါ (၃-၄ ခါ မွှေပေးပါ)။

အသားနူး၊ အရည်ခမ်းကာ ဆီပြန်လာလျှင် ပျဉ်းတော်သိမ်ရွက်ထည့်ကာ ၁ မိနစ်ခန့် မွှေရောပေးပြီးနောက် အမဲသားနှပ် အိအိလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ (နူးလွယ်သော အသားဆိုလျှင် ရေ ထပ်ထည့် စရာမလိုပါ။ ခရမ်းချည်သီး နှင့် အသားတို့ မှထွက်လာသော အရည်များဖြင့် လုံလောက်ပါသည်။)

မနူးသေးဟု ထင်လျှင် ရေအနည်းငယ် ထပ်ထည့်ကာ ဆက်တည်ပါ။

Chaw Su"s Food Friends (Facebook Share)

Ingredients

Directions