အပ်မှို ပန်ကိတ်ကြော်

1

အပ်မှို ပန်ကိတ်ကြော်

ပါဝင်ပစ္စည်းများ

အပ်မှို ၇ အောင်စ (ရေဆေးပြီး အောက်ခြေပင်စည်ပိုင်းကို ဖယ်ရှားထားပါ)
မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် ၁ ပင်
နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ရေအေး စားပွဲတင်ဇွန်း ၄ ဇွန်း
ကြက်သွန်ဖြူအမှုန့် စားပွဲတင်ဇွန်းတစ်ဝက်
ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဝက်
ပြုလုပ်နည်း အဆင့်ဆင့်

၁။ အပ်မှိုများကို ပါးပါးလှီးပါ။ ထို့နောက် ပန်းကန်လုံအးကြီးတစ်လုံးထဲထည့်ကာ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပြောင်းမှုန့်၊ ဂျုံမှုန့်၊ ရေနှင့် ကြက်သွန်ဖြူအမှုန့်တို့ ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် အပ်မှိုပန်းကန်လုံးထဲထည့်ကာ အနှစ်များနဲ့ ဟင်းသီးဟင်းရွက်များ သမသွားအောင် နယ်ပါ။

၃။ ဆော့စ်ပြုလုပ်ရန်အတွက် အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရှာလကာရည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် နယ်ထားသော အပ်မှိုအရောအနှောများကို စားပွဲတင်ဇွန်း ၁ ဇွန်းစာခန့် ခပ်ယူပြီး ဆီပူထဲ ထည့်ကြော်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပြီးသွားပါက အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

မုန့်နှစ်များအားလုံး ကုန်သွားသည်အထိ ကြော်ပေးလိုက်ပါ။

၅။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အပ်မှို ပန်ကိတ်ကြော်များ ရရှိသွားပါပြီ။ စောစောကဖော်စပ်ထားသော ဆော့စ်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Crd

Credit : Facebook Shares

Ingredients

Directions