အပ်မှိုကြော်

1

အကြော်အတွက် -

အပ်မှို၊ ကြက်ဥ နှင့် အကြော်ခံမှုန့်။

အရသာအတွက် - ဇီယာစေ့မှုန့်၊ ငရုတ်သီးမှုန့်၊ဆား သုံးမျိုးရောကာ အမှုန့်ဖြူးသောဗူးထဲထည့်ထားပါ။ထိုနောက် ကြက်သွန်မြိတ်အနည်းငယ် ပါးပါးလှီးပေးထားပါ။

========
ပြုလုပ်နည်း
========

၁။ ကြက်ဥတစ်လုံးကိုခွဲပြီး အနှစ်ရောအကာပါ ရောခလောက်ထားပါ။

၂။ အပ်မှိုကို ကြက်ဥခလောက်ထားသောရေဖြင့် ဟိုဘက်ဒီဘက်နံ့အောင် ဆွတ်ပေးလိုက်ပါ။

၃။ ပြီးနောက် အကြော်ခံမှုန့်ဖြင့်ကပ်ပေးလိုက်ပါ။

၄။ ထို့နောက် ဆီပူပူထဲမှာ ၂မိနစ်ခန့်ထည့်ကြော်ပေးလိုက်ပါ။

၅။ ဆီမှဆယ်ယူပြီးသော အပ်မှိုကြော်ကို ၃ မျိုးစပ်အမှုန့်ဖြင့် ဖြူးပေးလိုက်ပါ။ပြီးနောက် ကြက်သွန်မြိတ်လေးကို အပေါ်ကဖြူးပေးလိုက်ပါ။
.
စားလို့ကောင်းအရသာရှိလှတာမို့ တစ်အိမ်သားလုံးက သင့်ကို ကျေးဇူးတင်နေမှာပါ။

အော် ---မေ့လို့။ကလေးတွေအစပ်မစားဘူးဆိုရင် ငရုတ်သီးမှုန့် လေး လျှော့ထည့်ဖို့ သတိပေးပါရစေ။

ကဲ..အခုပဲ ကြော်စားကြည့်ကြပါဦး။

Credit : Mi Myanmar

Credit : Facebook Shares

Ingredients

Directions