အညာသင်္ဘောသီးသုပ်

1

အညာသင်္ဘောသီးသုပ်
--------------------------------
ပါဝင်ပစ္စည်းများ
• သင်္ဘောသီးအစိမ်း - ၁ စိတ် (ခြစ်နဲ့ ခြစ်ပါ)
• ကြက်သွန်မြိတ် - ၂ ပင် (ပါးပါးလှီးပါ)
• ခရမ်းချဉ်သီး - ၁ လုံး (အတုံးသေးသေးတုံးပါ)
• ပဲမှုန့်ချက် - စားပွဲဇွန်း ၁ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
• မန်ကျည်းရည် - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်သီးလှော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နံနံပင် - ၂ ပင် (ပါးပါးလှီးပါ)
• ကုလားပဲ အကျက်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆီချက်အဝါ - စားပွဲဇွန်း ၁ ဇွန်း
(ကြက်သွန်ဖြူနဲ့ ဆီသတ်ထားတဲ့ ဆီဝါ)
• ကုလားပဲမှုန့်ချက် - စားပွဲဇွန်း ၁ ဇွန်း
ပဲမှုန့်ချက်နည်းကတော့-
• ကုလားပဲမှုန့်အစိမ်း - ၇၅ ဂရမ်
• ရေ - ၅ဝဝ မီလီလီတာ
• ဆား - အနည်းငယ်

ပြုလုပ်နည်း
၁။ ကုလားပဲမှုန့်ချက်ဖို့အတွက် ကုလားပဲမှုန့်အစိမ်းကို ဆားထည့်ပြီး ရေနဲ့ ဦးစွာ ဖျော်ပါ။ ပြီးလျှင် မီးဖိုပေါ်တင်ပြီး ကျိုပါ။ တိုဟူးနွေးကျိုထားတဲ့ နည်းနည်းပျစ်ပြီး တိုဟူးကျိုသလိုလည်း ခဲဖို့မလိုပါ။ ပျစ်လာလျှင် ခွက်ထဲထည့်ပြီး အအေးခံထားပါ။ အေးသွား လျှင် တိုဟူးလို မခဲဘဲ အပေါ်ယံတင်းတဲ့ အနေအထားရပါမယ်။
၂။ အသုပ်သုပ်မည့်ဇလုံထဲ ခြစ်ထားတဲ့သင်္ဘောသီးအစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ဆား၊ ပဲမှုန့်ချက်၊ မန်ကျည်းရည်၊ ငရုတ်သီးလှော်မှုန့်၊ ဆီချက် အဝါနှင့် ကုလားပဲမှုန့်အကျက်မှုန့်တို့ကို ထည့်ပြီး နယ်ပါ။ (ကြိုက်နှစ်သက်ပါက သံပရာရည်ညှစ်ပြီး ထည့်ပါ။)
---------------------------------
Credit Myint Oo Tha See less

Credit : Facebook Shares

Ingredients

Directions