သုံးထပ်သားနဲ့ကိုက်လန်

1

သုံးထပ်သား ၅၀ ကျပ်သား

ကိုက်လန်ဖူး ၃ စည်း

ကြက်သွန်နီ ၁ လုံး (နုပ်နုပ်စင်း)

ကြက်သွန်ဖြူ ၃ တက်

ချင်းကြီးကြီး ၁ တက်

ပဲငံပြာရည်အကြည် ၃ ဇွန်း( ထမင်းစားဇွန်း)

တရုတ်ဟင်းချက်အရက် ၁ ဇွန်း

ခရုဆီ ၁ ဇွန်း

သကြား ၁ ဇွန်း

ဟင်းခတ်မှုန့် ၁ ဇွန်း( လက်ဖက်ရည်ဇွန်း)

နာနတ်ပွင့် ၂ ပွင့် ( မီးကင်ပြီး အနည်းငယ် ရိုက်ပြားပါ)

ချင်းနှင့် ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပါ။

ကိုက်လန်ဖူးလေးများကိုလည်း သင်ပြီး ရေဆေး ၊စစ်ထားပါ။

သုံးထပ်သားတွေကို သန့်စင်ပြီး မိမိနှစ်သက်သလို တုံးကာ ၊ သကြား၊ ခရုဆီ ၊ ဟင်းခတ်မှုန့်၊ တရုတ်ဟင်းချက်အရက်၊ ပဲငံပြာရည်အကြည် (လိုအပ်ပါက ဆားအနည်းငယ် ဖြည့်စွက်) တို့ နှင့် ရောမွှေကာ ချင်း၊ ကြက်သွန်ဖြူထောင်းကို အရည်ညှစ်ချကာ နယ်ပြီး (၃၀) မိနစ်ခန့်နှပ်ထားပါ။

နှပ်ထားတာ အချိန်ပြည့်ပြီဆိုရင်တော့ ဒယ်အိုးတစ်လုံးမှာ ဆီ အနည်းငယ်လေးကို အပူပေးကာ ကြက်သွန်နီကို မွှေးလာအောင် ဆီသတ်ပါ။ မီးဖုတ်ပြီး ဓါးပြားရိုက်ထားတဲ့ နာနတ်ပွင့်လေးလည်း ထည့်ပါ။

ကြက်သွန်နီတွေ မွှေးလာပြီဆိုရင်တော့ နယ်ပြီးနှပ်ထားတဲ့ ဝက်သားတွေ ထည့်ကာ အဖုံးပိတ်ပြီး မီးအေးအေးမှာ နှပ်ချက်ချက်ပါ။

ဝက်သားတွေ နူးလာပြီဆိုမှ ကိုက်လန်ဖူးလေးများ ထည့်ပေါင်းကာ ( ၁၀) မိနစ်ခန့်အဖုံးပိတ်ပြီး ချက်ပါ။

ဒါမှသာ ကိုက်လန်ဖူးလေးများက ဝက်သားဟင်းအရည်ကို ပြည့်ဝစွာ စုပ်ယူမှာဖြစ်သလို နူးအိပေမယ့် အရောင်မပြောင်းသေးတဲ့ ကိုက်လန်ဖူး စိမ်းစိမ်းလေးများကို ရရှိမှာဖြစ်ပါတယ်။

Credit : Facebook Shares

Ingredients

Directions