သာကူ အစာသွပ်

1

သာကူ အစာသွပ်
--------------------------------------
ထိုင်းစတိုင် သာကူ အစာသွပ်ပါ။ သာကူထဲကို ဝက်သား(သို့)ကြက်သားနဲ့ မြေပဲကို အစာသွပ်ထားတာပါ။ အစာပြေအဖြစ် သုံးဆောင်မယ်ဆိုရင် အရမ်းကောင်းတဲ့ ချက်နည်းသစ်တမျိုးမို့ ခုပဲ လုပ်စားကြည့်ရအောင်…
--------------------------------------
သာကူတွင် ပါဝင်ပစ္စည်းများ

သာကူ – ၁ခွက်ခွဲ
ရေနွေး – ၁ခွက်
ကြက်သွန်ဖြူဆီချက်
--------------------------------------
အစာသွပ်ရန် ပါဝင်ပစ္စည်းများ

၀က်သား(သို့)ကြက်သား – ၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်နီ – ၂ဥ (နှုတ်နှုတ်စဉ်းပါ)
မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက်ထောင်းပါ)
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
--------------------------------------
ပြုလုပ်နည်း

၁။ အရင်ဆုံး သာကူကို ရေဖြင့် အနည်းငယ် ဆေးပြီ ဇလုံတစ်ခုထဲတွင် (သာကူစေ့ထည့်၊ ရေ)ထည့်ပြီ လက်ဖြင့် သာကူစေ့များကို အနည်းငယ် ခြေပြီ စေးကပ်အောင် လုပ်ပေးပါ။

၂။ ပြီလျှင် အပေါ်မှ ရေစိုဝတ်ဖြင့် ၁နာရီခန့် အုပ်ထားပေးပါ။

၃။ ထို့နောက် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်နီများကို ဆီသပ်ပေးပါ။

၄။ ပြီမှ ကြက်သားထည့် အရောင်ပြောင်းမှ ငါးငံပြာရည်၊ သကြား ထည့်ပေးပါ။

၅။ ပြီနောက် မြေပဲ ထည့်ကာ လုံးသွားပြီ စေကပ်သွားအောင် ကြော်ပေးပါ။ ပြီမှ မီးပိတ်ပြီ အအေးခံထားပါ။

၆။ ထို့နောက် သာကူကို ပုံတွင် ပါသည့်အတိုင်း ၁လက်ခွဲအရွယ် အဝိုင်းပြားလိုပ် ကြက်သားမြေပဲ အစာသွပ်ပေးပါ။

ရ။ အစားသွပ်ပြီ သာကူကို လက်ဖြင့် အလုံးပုံပြန် လုံးပေးပါ။ ထိုနည်းအတိုင်း ကျန်သာကူများကို အစာသွပ်ပေးပါ။

၈။ ဌက်ပျောရွက်ပေါ် သာကူအစာသွပ်လုံးများကို တင်ပြီ ပေါင်းအိုးဖြင့် ၅မိနစ် ပေါင်းပေးပါ။
မှတ်ချက် ။ ။ အချိန်ပိုပြီ မပေါင်းပါနှင့်၊

၉။ ပေါင်းပြီလျှင် သာကူကို ကိုင်လို့ရသည်အထိ ခေတ္တအေးခံပါ။ ပြီလျှင် သာကူများသည် အလွန်စီးကပ်သည်မို့ ပန်းကန် နှင့် လက်တွင် ကြက်သွန်ဖြူဆီချက် ဆီများကို အရင်သုတ်ပါ။

၁၀။ ပြီမှ သာကူအစာသွပ်များကို ပန်းကန်ပေါ်တင်ပြီ အပေါ်မှ ကြက်သွန်ဖြူဆီချက်များကို ဖြူးကာ အရသာရှိစွာ စားသုံးနိုင်ပါပြီ..

Credit : Facebook Shares

Ingredients

Directions