သာကူစေ့မုန့်ဖက်ထုပ်

1

သာကူစေ့မုန့်ဖက်ထုပ်
==============

သာကူစေ့မုန့်ဖက်ထုပ် အတွက် လိုအပ်တာလေးတွေ…

သာကူစေ့ – 1 1/3 cups (330 ml) (ရေစိုအောင်လုပ်ပြီး ရေပြန်စစ်ထားပါ။)
အုန်းနိူ့ဖြင့်ထိုးသော အုန်းယို
ဝါးရွက် – ၂၀ ရွက်

အုန်းနိူ့ဖြင့်ထိုးသော အုန်းယို အတွက် လိုအပ်တာလေးတွေ…

palm sugar (ထန်းလျက်) – 100 g
အုန်းနိူ့ – 1/4 cup (60 ml)
ဆား – 1/8 tsp
ခြစ်ထားသော အုန်းသီးဖတ် – 1 cup (250 ml)

palm sugar နှင့် အုန်းနိူ့ကို ရောကာ medium heat ဖြင့် palm sugar များပျော်သွားအောင် မွှေကျိုပေးပါ။
palm sugar များပျော်ကာ ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး high heat ဖြင့် အရည်အတော်လေး ခမ်းသွားအောင် မကြာခဏမွှေကျိုပေးပါ။ (အရည်ခမ်းခါနီးလျှင် medium heat သို့လျှော့ချပေးပါ။)

အရည်စေးစေးပစ်ပစ်လေး အနည်းငယ်ကျန်လျှင် အသုံးပြုရန်အတွက် အုန်းယို အသင့်ဖြစ်ပြီမို့ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။ (အုန်းယိုကို အရမ်းခြောက်ကပ်သွားအောင် မကျိုလိုက်ပါနှင့်။)

ပြီးလျှင် ထမင်းစားဇွန်း တစ်ဝက်ခန့် ခပ်ကျစ်ကျစ် အလုံးလေး ၉ လုံး လုပ်ထားပါ။ (ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့်သိမ်းထားနိူင်ပါသည်။ သိမ်းထားသော အုန်းယိုကို ပြန်မသုံးခင် ၁၅ မိနစ်ခန့် ရေခဲသေတ္တာထဲမှ ကြိုထုတ်ပြီးမှ သုံးပါ။)

ဝါးရွက်ခြောက်များကို (အေရှန်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။) အသုံးမပြုခင် ကြိုတင်ကာ တစ်ညအိပ် ရေစိမ်ထားပါ။ ((အရွက်များ ရေပေါ် မပေါ်လာအောင် ငရုတ်ကျဉ်ပွေ့ကဲ့သို့ လေးသောအရာတစ်ခုခုဖြင့် ဖိပြီးစိမ်ထားပါ။)(ထုပ်သည့်အချိန်တွင် ပြဲသွားတတ်သဖြင့် လိုအပ်သည့် အရွက်အရေအတွက်ထက် ၂ ရွက်ခန့် ပိုပြီးစိမ်ထားပါ။)

တစ်ညအိပ် ရေစိမ်ထားသော ဝါးရွက်များကို ရေအနည်းငယ်ခြောက်အောင်သုတ်ပြီး အစွန်း ၂ ဖက်ကို လက်၂ လုံးခန်.စီ ညှပ်ထုတ်ထားပါ။
ပြီးနောက် သာကူကျက်လျှင် မကပ်အောင် ဖက်ကို ဆီဖြင့် သုတ်ပေးပါ။

ဆီသုတ်ထားသောမျက်နှာစာကို အတွင်းဖက်ထားကာ ဝါးရွက် ၂ ရွက် ကို ပုံပါအတိုင်းထပ်ပါ။ (ဝါးရွက် နှစ်ရွက်မှာ သာကူနဲ့မထိတဲ့ အောက်က တစ်ရွက်ကို ဆီမသုတ်လို့ရပါတယ်။)

ကန်တော့ချွန်ပုံဖြစ်အောင်လုပ်ကာ သာကူ (ထမင်းစားဇွန်း ၂ ဇွန်းခွဲခန့်) ထည့်ပါ။အုန်းယိုလုံးကို အနည်းငယ်ဖိထည့်ပါ။အုန်းယိုအပေါ်မှာ သာကူ (ထမင်းစားဇွန်း ၂ ဇွန်းခွဲခန့်) ထပ်ထည့်ပါ။ပြီးလျှင် အနားနှစ်ဖက်ကို သိမ်းပြီးခေါက်ကာ လက်မဖြင့်ဖိထားပါ။

ပြောင်းပြန်လှန်ကာထောင်လိုက်ပြီး အောက်ပုံပါအတိုင်းထွက်နေသော အစပိုများကို ကပ်ကြေးဖြင့် ညှပ်ပေးပါ။ပြီးလျှင် အပေါ်အနားစွန်းကို stapler သုံးပြီး ပိတ်ပေးပါ။ (stapler မသုံးချင်လျှင် သွားကြားထိုးတံကို ထိုးထည့်ပြီးပိတ်ပေးပါ။)

အားလုံးထုပ်ပြီးလျှင် ပေါင်းမည့်အိုးထဲထည့်ကာ ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်ပြီး high heat ဖြင့် မိနစ် ၄၀ ခန့် ပေါင်းပေးပါ။ (သာကူအမျိုးအစားပေါ်မူတည်ပြီး အချိန်အတိုးအလျှော့ရှိပါတယ်။)

ပေါင်းပြီးနောက် မီးဖိုမီးပိတ်ကာ အိုးထဲမှာ ၁၅ မိနစ်ခန့် နှပ်ထားပြီးလျှင် သာကူမုန့်ဖက်ထုပ်ပူပူနွေးနွေးလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ (အေးလျှင် မာသွားတတ်သဖြင့် အထုပ်ကို ရေဖြင့်လောင်းကာ microwave ထဲ စက္ကန့် ၃၀ ခန့် အပူပြန်ပေးပြီးမှ သုံးဆောင်ပါ။)

Ma Chaw su

Credit : Facebook Shares

Ingredients

Directions