သရက်သီးသနပ်

လွယ်ကူလွန်းတဲ့ အရံဟင်းလျာ သရက်သီးသနပ်

1

သရက်သီးခြောက်များကို ထန်းလျက်အနည်းငယ် ရေအနည်းငယ်ဖြင့် ခမ်းသည်အထိပြုတ်ထားပေးပါ။

( သရက်သီးအစိမ်းကို ပါးပါးလှီးပြီး 5ရက်လောက်နေလှန်းပြီးထားပေးလျှင် သရက်သီးခြောက်ရပါသည် )

စမုံစေ့ကိုထောင်းထားပေးပါ။ ( စမုံစေ့ နံနံစေ့ ဇီရာ မဆလာ တို့ပါဝင်အသုံးပြုပါမည် )

ဆီကို ဆူနေသည်အထိတည်ထားပါ။ ဆီဆူလာပြီဆို အိုးကိုချလိုက်ပါ။

ထို့နောက်မှ ငရုတ်အစိမ်းမှုန့် ထောင်းထားသောစမုံစေ့ ဇီရာ နံနံစေ့ မဆလာတို့ကို ထည့်ပါ။

နောက်ဆုံးမှ ပြုတ်ထားသောသရက်သီးခြောက်နှင့် ဆားအနည်းငယ် ကိုထည့်ပြီး နှံစပ်အောင်မွှေပေးပါ။

အပေါ်မှ လှီးထားသောကြက်သွန်ဖြူလေးများ အုပ်ကာ သရက်သီးသနပ် ချိုချဉ်စပ်လေးအားသုံးဆောင်နိုင်ပါပြီ။

( ဆီများများသုံးရန်လိုအပ်ပါသည် ဆီမြှပ်နေသည်အထိထားပါမှ မှိုတတ်ခြင်း ကင်းဝေးပါမည် )

#မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။

Credit: Facebook Share

Ingredients

Directions