သရက်သီးစိမ်း ကက်ကတစ်ချဉ်စပ်

သရက်သီးစိမ်း ကက်ကတစ်ချဉ်စပ်ဟင်း

1

ကက်ကတစ်ငါး အကောင်ကို အကြေးထိုးပြီး ရေစင်ကြယ်အောင်ဆေး၍ အကွင်းလေးတွေ တုံးပါ။

ဆား၊စိမ်းစားငါးပိ၊နနွင်းမှုန့် အနည်းငယ်စီ တို့ဖြင့် နယ်ကာနာရီဝက်ခန့်နှပ်ထားပါ၊ ပြီးလျှင် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ ငရုတ်တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ ဆီသတ်ပါ။

ကြက်သွန်ကြော်နံ့ မွှေးလာပါက ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ် ထည့် ပြီးမွှေကာ နယ်ပြီးနှပ်ထားသော ငါးများကို ထည့်ကာ အသာမွှေပေးပါ။

ခဏကြာလျှင် အဆင်သင့် ဓားနဲ့ ပေါက်ထားသော သရက်သီးအစိမ်းများကို ထည့်ပြီး ရေအနည်းငယ်နှင့် ပွက်ပွက်ဆူကာ ဆီပြန်လာသည်အထိ တည်ထားပါ။

ပွက်ပွက်ဆူလာပြီး ဆီပြန်လာလျှင် အပေါ့အငံမြည်းကာ အချိုပေါ့လျှင် ပုစွန်ငံပြာရည်အချို အနည်းငယ်ထည့်၍ နံနံပင်နှင့် ငရုတ်သီးစိမ်းများများ အုပ်ကာ အရသာကောင်းမွန်သော သရက်သီးစိမ်း ကက်ကတစ်ချဉ်စပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီ။

Credit : ဒေါ်ပုလက်ရာ (Facebook Share)

Ingredients

Directions