သစ်ကြားသီးထောင်း (Walnut and Ginger Dip)

1

---------------------------------------------------------
သစ်ကြားသီးထောင်းလေးက ပန်းသေးရိုးရာအစားအစာတစ်ခုထဲက တစ်ခုလို့ ပြောလို့လည်း ရပါတယ်။ မြန်မာတွေအတွက် ထမင်းစားပွဲမှာ တည်ခင်းတတ်တဲ့ ငါးပိထောင်း လိုပဲ ဆိုဖီယာတို့ ဘိုးဘွားများအတွက်လည်း သစ်ကြားသီးထောင်းလေးက ထမင်းစားပွဲမှာ အမြဲမပြတ်ရှိနေတတ်တဲ့ တို့စရာတစ်မည်လည်း ဖြစ်ပါတယ်။ ဦးနှောက်ကျန်းမာရေးကို များစွာအကျိုးရှိတဲ့ သစ်ကြားသီးကို ပုံမှန်စားပေးနိုင်မယ့် နည်းတစ်ခုလည်း ဖြစ်တာကြောင့် ဘိုးဘေးများရဲ့ သစ်ကြားသီးထောင်းလုပ်နည်းလေးကို မျှဝေပေးလိုက်
ပါတယ်။

ပါဝင်ပစ္စည်းများ
• သစ်ကြားသီး (အဆံ) - ၂ဝဝ ဂရမ်
• ချင်း - ၂ လက်မခန့်
• ဆား - အနည်းငယ်

ပြုလုပ်နည်း
၁။ သစ်ကြားသီးကို အခွံခွာပြီး အပုပ်များမပါစေရန် သန့်စင်ထားပါ။
၂။ ချင်းကိုလည်း အခွံနွှာပြီး ပါးပါးလှီးဖြတ်ထားပါ။
၃။ အားလုံးအသင့်ဖြစ်လျှင် ငရုတ်ဆုံထဲ သစ်ကြားသီး၊ ချင်းနှင့် ဆားထည့်ပြီး ကြေညက်သည်အထိ ထောင်းပါ။ ကြိတ်စက်ဖြင့်လည်း ကြိတ်နိုင်ပါတယ်။ ငရုတ်ဆုံထဲ ထည့်ထောင်းပါက ဆီများထွက်လာတတ်ပြီး ဆီမထွက်ခင် အနေအထားအထိသာ ထောင်းပါ။ ဆားကို မိမိနှစ်သက်ရာ အနေအထား အပေါ့အငန်ပြုလုပ်ပြီး ထမင်းဝိုင်းမှာ ခံတွင်းရှင်းစေမယ့် တို့စရာတစ်မည်အဖြစ် တည်ခင်းသုံးဆောင်နိုင်ပါပြီ။
-----------------------------
Crd
Sofia See less

Credit : Facebook Shares

Ingredients

Directions