သင်္ဘောရွက်ထုတ် လက်ဖက်အစုံသုပ်နည်း

1

အချိုုနှပ်ထားသော လက်ဖက်အသား - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်

လက်ဖက်အကြော်စုံ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံးသာသာ

ခရမ်းချဉ်သီး - အနေတော် ၂လုံး

ဂေါ်ဖီရွက် - အရွက်ကြီးကြီး တရွက်

ဆား - လက်ဖက်ရည်ဇွန်း တဝက်

အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်

ပဲဆီစိမ်း - ထမင်းစားဇွန်း ၃ဇွန်း

ကြက်သွန်ဖြူ - နှစ်သက်သလောက်

ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပုဇွန်ခြောက် - နှစ်သက်သလောက်

သင်္ဘောရွက် - အရွက်ကြီးကြီး ၂ရွက်

======
ပြင်ဆင်ပုံ
======

ဇလုံကျယ်ကျယ် တခုထဲမှာ လက်ဖက်အသားကို အရင်ဆုံးထည့်ထားပါ

ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ

ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ

သင်္ဘောရွက်ကို အရွက်လိုက် ရေဆေးပြီး ရေစစ်ထားပါ

ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ

ငရုတ်သီးစိမ်းကို ရေဆေးထားပါ

လက်ဖက်ဇလုံထဲမှာ လက်ဖက်အကြော်စုံကိုထည့်ပါ

ဂေါ်ဖီ ခရမ်းချဉ်သီး ဆီ ဆား အရသာမှုန့်တို့ကို ထည့်ပြီး ခပ်ဖွဖွရောနယ်ပေးပါ

နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်ပြီး ပုဇွန်ခြောက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ သင်္ဘောရွက်တို့ကိုပါ တပါတည်း ပြင်ထားပေးပါ

သင်္ဘောရွက်ကို တခါစားစာ အနေတော်ယူပြီး သင်္ဘောရွက်ထဲ လက်ဖက်သုပ် တလုပ်စာထည့်ကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ပုဇွန်
ခြောက်တို့နဲ့ ရေနွေးကြမ်းလေး သောက်ကာ နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions