သက်သတ်လွတ် အာလူး မဆလာ ဟင်းထုပ်

1

သက်သတ်လွတ် အာလူး မဆလာ ဟင်းထုပ်

အာလူး စီးစီးအိအိ၊ ကြက်သွန်နီချိုချို၊ မဆလာနံ့သင်းသင်း၊ ငရုပ်သီး စပ်စပ်လေးနဲ့ အလွန်စားကောင်းတဲ့ သက်သတ်လွတ် ဟင်းထုပ် ဖြစ်ပါတယ်။ အစပ်မစားနိုင်သူတွေက ငရုပ်သီး လျှော့သုံးနိုင်ပေမဲ့၊ အာလူးဟင်းထုပ်လုပ်ကြည့်ဘို့ စပီး စိတ်ကူးရကတည်းက ရှုးရှုးရှဲရှဲနဲ့ ပူပူစပ်စပ်အရသာထွက်အောင် လုပ်ဖြစ်ခဲ့ပီး အကြိုက်တွေ့သွားခဲ့တာပါ။ ဆန်မှုန့် ကိုသုံးထားတာက အာလူးကြက်သွန်နီတို့ကို တွဲကပ်ပေးစေဘို့ဘဲ ဖြစ်ပါတယ်၊ လိုအပ်သည်ထက် ပိုထည့်မိရင် အာလူး အရသာ ပျောက်သွားနိုင်တာကို သတိပြုကြပါရှင့်။ ရှမ်းဟင်းထုတ်တွေလိုဘဲ ကြက်သွန်ဖြူကြော်၊ ငရုပ်သီးကြော်တို့နဲ့ တွဲဘက်စားသုံးနိုင်ပါတယ်။ ကြက်သွန်ဖြူလေး ကိုက်တို့ လိုက်မှ လိုက်ပါဘဲရှင်။

ပါဝင်ပစ္စည်းများ ( ၄ ထုပ်စာ)

1. အာလူး ၂၅၀ ဂရမ်

2. ကြက်သွန်နီ ၂၅၀ ဂရမ်

3. ကြက်သွန်ဖြူ ၂ မွှာ

4. ပျဉ်းတော်သိမ် ၁-၂ ခက်

5. မဆလာ ၁/၂ လက်ဘက်ရည်ဇွန်း

6. ဆီ ၄ စားပွဲဇွန်း

7. နနွင်း သင့်ရုံ

8. ဆန်မှုန့် ၂ စားပွဲဇွန်းမောက်မောက်

9. ဆား သင့်ရုံ

10. ငရုပ်သီး အစိမ်းမှုန့် ၁/၂ လက်ဘက်ရည်ဇွန်း

11. ငရုပ်သီး အခြောက်တောင့်ကြော် ၁၀ တောင့်ခန့်

ပြုလုပ်နည်း

1. အာလူးကို ထူထူ အချောင်းလေးများလှီးပါ။ စီးသော အာလူးကို သုံးပါ။

2. ကြက်သွန်နီကို ထူထူ ကြမ်းကြမ်းလှီးပါ။ ကြက်သွန်ဖြူ ၂ မွှာကို ဒါးပြားရိုက်ပီး နုတ်နုတ်စင်းပါ။

3. ဒယ်အိုးတွင် ဆီ ထည့် ပါ၊ ပူလာတဲ့အခါ ကြက်သွန်ဖြူ၊ နနွင်းထည့်မွှေပါ၊ ပျဉ်းတော်သိမ်ရွက်ထည့်မွှေပါ၊ မွှေးလာတဲ့အခါ ကြက်သွန်နီ ထည့်မွှေပါ၊ အာလူးထည့်မွှေပါ၊

4. ငရုပ်သီး အစိမ်းမှုန့်၊ ဆား ၊ မဆလာထည့်မွှေပေးပါ၊ အာလူးနဲ့ ကြက်သွန်နီတို့ ကျက်သွားအောင် မချက်ဘဲ မွှေးလာရုံလေးသာ ဆီပူတွင်လှိမ့်ရတာ ဖြစ်ပါတယ်။ မီးဘိုမှ ဖယ်ပီး ငရုပ်အခြောက်တောင့်ကြော် ချိုးထည့်ပါ။ အအေးခံပါ ၊ အေးတဲ့အခါ ဆန်မှုန့်ထည့်နယ်ပါ၊

5. ငှက်ပျောဖတ် သို့မဟုတ် အလူမီနမ် သတ္တု စက္ကူ တွင်ထည့်ပီး ထုတ်ပါ၊

6. ကြိုတင် အပူပေးထားသော ရေဆူအိုးတွင် ပေါင်းဇကာထည့်ပါ၊ ဇကာတွင် အာလူးထုပ်များ စီထည့်ပါ၊

7. အဖုံးလုံအောင်ပိတ်ပီး ၁၀ မိနစ်ခန့်ပေါင်းပါ။

Credit : Facebook Shares

Ingredients

Directions