သက်သက်လွတ် စပါ(ဂ်)တီ ခေါက်ဆွဲကြော်

1

သက်သက်လွတ် စပါ(ဂ်)တီ ခေါက်ဆွဲကြော်
-------------------------------------
လိုမီလို့ခေါ်တဲ့ ဖီလစ်ပိုင်-တရုတ် စတိုင် သက်သက်လွတ် ခေါက်ဆွဲကြော်လေးပါ။ ဒီခေါက်ဆွဲကြော်လေးမှာ ထူးခြားချက်ကတော့ ရိုးရိုး ကြက်ဥခေါက်ဆွဲနဲ့ ကြော်တာမဟုတ်ပဲ၊ စပါ(ဂ်)တီ ခေါက်ဆွဲနဲ့ ကြော်ထားခြင်း ဖြစ်ပါတယ်။ ထို့ပြင် မီဆိုနှစ်ကိုပါ သုံးထားတာမို့၊ ရိုးရိုးခေါက်ဆွဲကြော်တွေနဲ့ အရသာ မတူတာ အမှန်ပါပဲ။ ချက်နည်းလေးကို ကြည့်လိုက်ရအောင်…
-------------------------------------
ပါဝင်ပစ္စည်းများ

စပါ(ဂ်)တီ ခေါက်ဆွဲ – ၂၀၀ ဂရမ်
မုန်လာဥနီ – ၁ခု (အရှည်ပါးပါးလှီးပါ)
မှိုခြောက် – ၅ခု (ရေနွေးဖြင့် ပြုတ်ပြီမှ ရေစစ်၍ အရှည်ပါးပါးလှီးပါ)
သခွာသီး – ၁လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)

ပဲပင်ပေါက် – လက်တဆုတ်စာ (အမြှီခြွေပေးပါ)
တရုတ်မုန့်ညှင်း – ၂စည်း (၁လက်မအရွယ် ပိုင်းပေးပါ)
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်မြိတ် – ၂စည်း (အရှည်အစောင်း လှီးပါ)
မီဆိုနှစ် (သို့) ပဲငပိနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
ပဲငံပြာရည်ဇွန်း – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တဝက်
သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေဖြင့် ပြန်ဖျော်ထားပါ)
-------------------------------------
ပြင်ဆင်နည်း

၁။ ဒယ်အိုးတစ်ခုထဲ ရေပွက်ပွက်ဆူအောင် တည်ထားပြီ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်လိုက်ပါ။

၂။ ရေနွေးဆူလာလျှင် စပါ(ဂ်)တီ ခေါက်ဆွဲများကို ထည့်ပြီ ၁၀မိနစ်မှ ၁၂မိနစ်ထိ ကျက်သည်အထိ တည်ထားပေးပါ။

၃။ စပါ(ဂ်)တီ ခေါက်ဆွဲများ ကျက်လျှင် ဇကာဖြင့် ပြန်ဆယ်ပြီ ရေအေးပြန်စိမ်ထားပါ။
-------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မှိုများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၂။ ပြီမှ မုန်လာဥနီ၊ သခွာသီး နှင့် အရသာအတွက် ပဲငံပြာရည်၊ မီဆိုနှစ်၊ ဆား၊ နှမ်းဆီ(အနည်းငယ်)၊ ရေ(ခွက်၃ပုံ၂ပုံ) တို့ကို ထည့်ပြီ ၃-၅ မိနစ်ကြာအောင် တည်ထားပေးပါ။

၃။ ထို့နောက် စပါ(ဂ်)တီခေါက်ဆွဲ၊ ပဲပင်ပေါက်၊ တရုတ်မုန်ညှင်း တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

၄။ အရသာအပေါ့အငံ့အနေတော်လျှင် ကြက်သွန်မြိတ် ဖြူးပေးပြီ ကော်ရည်များကို လောင်းထည့်လိုက်ပါ။

၅။ အရသာရော အနံ့ပါ သင်းသည့် စပါ(ဂ်)တီခေါက်ဆွဲကြော်လေးကို မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ…
-------------------------------------
#credit Wutyee Food House
------------------------------------- See less

Credit : Facebook Shares

Ingredients

Directions