ဝက်သုံးထပ်သားပေါင်း

ဝက်သုံးထပ်သားပေါင်း ...

1

ဝက်သားသုံးထပ်သား ၅၀သား ကိုရေဆေးသန့်စင်ပြီး ရေခြောက်အောင်သုပ်ထားပါ

ဒယ်အိုးကိုမီးပူပေးပြီး ဝက်သားသုံးထပ်သားကို အခေါက်ဘက်ကို ဒယ်ကပ်ပြီး အရောင်တင်ပေးပါ

ပြီးရင်ရေဖြည့်ပြီး ကြက်သွန်မြိတ် ဟင်းချက်ဝိုင် အနည်းငယ်ထည့်၍ ၃မိနစ်ခန့် ဆူအောင်ပြုတ်ပါ

ဝက်သားကိုပြန်ဆယ်ပြီးရေစစ်ထားပါ

ဆီများများထည့်ပြီး ဆီဆူပါက ဝက်သားကိုဆီထဲ မြုပ်နေအောင် ကြော်ပါ ၃မိနစ်ခန့်မီးပြင်းပြင်းဖြင့် ကြော်ပြီး ဆီစစ်ထားပါ

အသားတုံးကို ရေခဲရေထဲသို့ထည့်ပြီး နူးပွလာစေရန် ၂၄ နာရီ ရေခဲသေတ္တာထဲထားပါ

၂၄ နာရီပြည့်ရင်ရေခဲရေထဲမှဆယ်ကာ အနေတော် အလွှာလေးတွေလှီးကာ ပေါင်းမည့်ပုဂံလုံးထဲအစီအရီထည့်ပေးပါ

ပေါင်းမည့်ဝက်သားပြားပေါ်သို့ သကြားနှစ်ဇွန်း ဟင်းချက်ဝိုင် ၂ဇွန်း ပဲငံပြာရည် အကြည် ၄ဇွန်း ကိုထည့်ပါ

ကြက်သွန်မိတ် နာနတ်ပွင့် ဂျင်း တို့ကိုထည့်ပြီး ရေနွေးငွေ့ဖြင့် ၃ နာရီခန့်ပေါင်းပါ

ဝက်သားများပေါင်း၍ထွက်လာသောအရည်ကို ဒယ်အိုးတစ်လုံးထဲသို့ငှဲ့ထည့်ထားပြီး ဝက်သားပေါင်းပုဂံလုံးကိုပန်ကန်ပြားဖြင့်အုပ်ကာ ပြောင်းပြန်လှန်ထားလိုက်ပါ

ပေါင်းရည်ကိုဒယ်အိုးဖြင့်ဆူအောင်တည်ပြီး ထိုထဲသို့ ပြောင်းမှုန့်ကော်ရည်ဖျော်ထည့်ကာ ဝက်ပေါင်းပေါ်သို့ဖျန်းကာ စားသုံးနိုင်ပါပြီ။

Credit - ရွှေ မြိုင်သူရဲ့ရွှေ လက်ရာ (Facebook Share)

Ingredients

Directions