ဝက်သား ပုံးရည်ကြီး

မြန်မာ အရသာစစ်စစ် ဝက်သား ပုံးရည်ကြီးချက်လေးပါ။ ဝက်သားကို အရင်ဆုံး ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့ဖြင့် နှပ်ထားပြီမှ ချက်ထားတာမို့ နူးအိပြီး စားလို့ကောင်းပါတယ်။ ပုံးရည်ကြီး ကြိုက်သူတွေ ထမင်းမြိန်မှာ သေချာပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

 ဝက်သား ၃ထပ်သား – ၄၀၀ ဂရမ်
 ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
 ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
 ဂျင်း – လက်ဖက်ရည်ဇွန်း တဝက် (နှုတ်နှုတ်စဉ်းပါ)
 ငရုတ်သီးစိမ်း – ၂ထောင့် (ထက်ခြမ်းခြမ်းထားပါ)
 ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၂ဇွန်း
 ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
 ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
 သကြား – စားပွဲတင်ဇွန်း တဝက်
 ပုံးရည်ကြီး – ၁ထုပ်
1

ဝက်သားကို (ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်၊ သကြား) တို့ဖြင့် သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာ အောက်ထပ်တွင် ၂နာရီခန့် နုပ်ထားပေးပါ။

2

ပြီမှ အိုးတစ်အိုးထဲတွင် ရေကို ဝက်သုံးထပ်သားမြုပ် သည်အထိထည့် မီးပြင်းပြင်း ဖြင့်တည်ထားပေးပါ။ ဝက်သား နူသည်အထိ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။

3

ဝက်သုံးထပ်သားနူးအိလာပြီး ရေခန်း လာပြီဆိုလျှင် ဝက်သားကို အနေတော် အတုံးလေးများ တုံးပေးပါ။

4

ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးစိမ်း တို့ကို ဆီသပ်ပေးပါ။

5

ပြီနောက် ဝက်သားများ၊ ပုံးရည်ကြီး၊ ရေ(ခွက်တဝက်)တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

6

ပြီမှ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) တို့ကို ထည့်ပါ။

7

ဆီပြန်လျှင် အပါ်မှ ရှောက်ရွက်လေးအုပ်ပြီ အရသာရှိသော ဝက်သား ပုံးရည်ကြီးချက်ကို ထမင်းနဲ့ သုံးဆောင်လို့ ရပါပြီ…

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ဝက်သား ၃ထပ်သား – ၄၀၀ ဂရမ်
 ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
 ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
 ဂျင်း – လက်ဖက်ရည်ဇွန်း တဝက် (နှုတ်နှုတ်စဉ်းပါ)
 ငရုတ်သီးစိမ်း – ၂ထောင့် (ထက်ခြမ်းခြမ်းထားပါ)
 ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၂ဇွန်း
 ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
 ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်
 သကြား – စားပွဲတင်ဇွန်း တဝက်
 ပုံးရည်ကြီး – ၁ထုပ်

Directions