ဝက်သားလုံး အူစုံ အချိုကြော်နည်း
ဝက်သား
အူမကြီး
အူချို
အချဉ်တိုင်
အသဲ
ငရုတ်ပွအစိမ်း / မုန်လာထုပ်/ မုန်လာဥနီ/ကြက်သွန်နီ/ကြက်သွန်
ဖြူ/ဂျင်း/ ငရုတ်ခြောက်/ကြက်ဥ/ဆား/သကြား/ခရုဆီ/အ
နောက်ရည်/ကော်မှုန့်/ဂျုံမှုန့်/ငရုတ်ကောင်း/ကြက်ဥ
၁။ဝက်သားကိုနုတ်နုတ်စင်းဆား၊သကြား၊ငရုတ်ကောင်း၊ဂျုံမှုန့်ကြက်ဥအကာရောနယ်ခဏနှပ်ထားပြီးရေဆူဆူမှာအလုံးလုပ်ပြီးပြုတ်ရရင်ဆယ်ထားပါ။
၂။အူတွေကိုလဲမကျီးသီး၊ဆားနဲ့ နယ်ဆေး ရေဆေးပြီးရေစစ်ကာ ဆား တရုတ်မဆလာ ကြက်သွန်ဖြူ ထည့်၍ ပြုတ်ထားပါ။
၃။ဆီပူမှာပြုတ်ထားသောအသားစုံကိုထည့်ကြော်ပါ။အရောင်ရရုံပါ။ ပြီးရင်ဆယ်ထားပြီး ဆီကိုခပ်ထုတ်ပြီးငရုတ်ခြောက်ထည့်ကြော်ပါ၊
၄။ရဲလာလျှင်ဆယ်ထားပြီးကြက်သွန်ဖြူ၊ဂျင်းပါးပါးလှီးဆီသတ်ပါ။အသီးအရွက်များထည့်ပါ။အရသာထည့်ပါ၊
၅။အရောင်ပြောင်းလာလျှင်အသားများထည့်မွှေပါ။ကြက်သွန်နီကိုလေးစိတ်စိတ်အလွှာခွာထည့်ပါ။ခရုဆီထည့်ပါ။
၆။ကြက်ပြုတ်ရည်(သို့)ရေနွေးအနည်းငယ်ထည့်ပါ။ဆူလာလျှင်ကော်မှုန့်ရေဖျော်ထည့်ပါ၊တရုတ်နံနံထည့်ငရုတ်ကောင်းဖြူးကာရပါပြီ။
Credit : Facebook Shares
Ingredients
Directions