ဝက်သားမောင်မယ်အကြွပ်ကြော်

1

ဝက်သားမောင်မယ်အကြွပ်ကြော်
*****************************

ဝက်သားကိုပုံစံနှစ်မျိုးကြော်ပြီးတည်ခင်းဧည့်ခံ
ကြရအောင်

ဝက်ပေါင်သား.......၃၀ကျပ်သား
ဝက်ဂုတ်သား........၂၀ကျပ်သား
နာနတ်ပွင့်အမှုန့်....၁ဇွန်း(လက်ဖက်ရည်ဇွန်း)
ချင်း.....................၁တက်
သကြား...............၂ဇွန်း
ပဲငံပြာရည်အပျစ်...၁ဇွန်း
ဟင်းချက်ဝိုင်.........အနည်းငယ်
နှမ်းလှော်.............အနည်းငယ်

ဝက်ပေါင်သားကို၂ပိုင်းခန့်ပိုင်းပါ။ဝက်ဂုတ်သားကို၁လက်မခွဲအရွယ်အနေတော်လှီးပါ။

အသား၂မျိုးလုံးကိုပေါင်းပြီး..ထောင်းထားသောချင်းရည်၊ဟင်းချက်ဝိုင်၊ဆား၊သကြား၊နာနတ်ပွင့်အမှုန့်၊ပဲငံပြာရည်အပျစ်တို့ဖြင့်စိမ့်ဝင်နေအောင်နယ်ကာအနည်းဆုံးနာရီဝက်ခန့်နှပ်ထားပါ။

ဝက်ပေါင်သားကိုဦးစွာပြုတ်ပါ။အသားနှုးပြီးရေခမ်းသည်အထိပြုတ်ပါ။

ဝက်ဂုတ်သားကိုလည်းထိုနည်းအတိုင်းပြုတ်ပါ။(ရေခမ်းအောင်ပြုတ်ဖို့တော့အရေးကြီးပါတယ်)

ဒယ်အိုးတစ်လုံးမှာဆီများများကိုအပူပေးပြီး
ဝက်ပေါင်သားကိုရွှေညိုရောင်ရအောင်ကြော်ယူပြီးစစ်ယူအအေးခံထားပါ။

ဝက်ဂုတ်သားကိုလည်းထိုနည်းအတိုင်းကြော်ပါ။

ပြင်ဆင်မယ့်ပန်းကန်တစ်ခြမ်းမှာဝက်ပေါင်သားကြော်ကို..မိမိနှစ်သက်သလိုမထူမပါးလှီးပြီးပြင်ဆင်ပါ။အခြားတစ်ဖက်မှာဝက်ဂုတ်သားကြော်လေးတွေပြင်ဆင်ပြီးအကြွပ်ကြော်ထားတဲ့ချင်းနှင့်ကြက်သွန်ဖြူကြော်လေးအလှဆင်ပါ။

မိမိနှစ်သက်ရာချို ချဉ်စပ်ဆော့စ်ရည်လေးနှင့်တွဲဖက်သုံးဆောင်ပါ။

မှတ်ချက်..နာနတ်ပွင့်အမှုန့်ကိုတရုတ်ဆိုင်တွေမှာပါကော့အမှုန့်လို့မေးဝယ်ပါ။ အင်္ဂလိပ်လိုကတော့..Star Anise Powder ပါ။

Crd.winnaingthein

Credit : Facebook Shares

Ingredients

Directions