ဝက်သားနီ ပျားရည်ချက်

1

1. ဝက်သုံးထပ်သား – ၁ ကီလို ခန့်

2. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

3. ပျားရည် – လက်ဖက်ရည်ဇွန်း ၅ဇွန်း

4. ဆီ – 210 ml

5. သကြား – ထမင်းစားဇွန်း ၃ ဇွန်း

6. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

7. ရေနွေး – 1 1/2 cup (375 ml)

8. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၇ တက်

9. ၈ စိတ်ကွဲလှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၄ လုံး

ရေဆေးပြီး တတ်နိူင်သမျှ ရေခြောက်အောင်လုပ်ထားသော ဝက်သားကို ဆား၊ ပျားရည် တို့ဖြင့် နယ်ပြီး ၁၅ မိနစ်ခန့် နပ်ထားပါ။

ဆီ နှင့် သကြားကို မကပ်နိူင်သော အိုးထဲထည့်ကာ အပူ ပေးပါ။

သကြားများ အနီရောင် အတော်လေးပြောင်းလာသည့် အချိန် ကို စောင့် ပါ။

ပြီးလျှင် ချက်ချင်း အသားများထည့်ချကာ သကြားမတူးအောင် ခပ်သွက်သွက် ၃၊၄ ချက်မွှေကြော်ပေးပြီး အသားများအားလုံး တတ်နိူင်သမျှ အိုးအောက်ခြေဖြင့် ထိနေအောင် ဖြန့်ပေးထားပါ။

အားလုံးဖြန့်ပြီးလျှင် အသားများ နီလာစေရန် မမွှေပဲ ၃ မိနစ်ခန့်ထားပါ။

၃ မိနစ်ခန့်ထားပြီးလျှင် အသားများနီလာပြီဖြစ်၍ နောက်တစ်ဖက်လှန်ပေးပါ။

အသားနောက်တစ်ဖက်ကိုလည်း နီလာအောင် ၃ မိနစ်ခန့် ထပ်ထားပေးပါ၊

ပြီးလျှင် အရောင်တင်မှုန့်ထည့်၍ ၃၊ ၄ ချက်မွှေကာ အသားထဲမှ အရည်များခမ်းပြီး ဆီပြန်လာသည်အထိ တည်ထားပါ။ (သကြားနှင့် အရောင်တင်မှုန့်က တူးလွယ်၍ မျက်ခြေမပြတ် ကြည့်ပေး၊ မွှေပေးဖို့လိုပါတယ်။)

အဆီအသားများ အပြင်သားတင်းပြီး၊ ဆီပြန်လာလျှင် ရေနွေးထည့်ကာ ၁၀ မိနစ် အပူ ပေးပါ။
ကြက်သွန်ဖြူ နှင့် ကြက်သွန်နီထည့်ကာ အိုးအဖုံးဖွင့်ပြီး ၁၀မိနစ်ခန့် ( ကြက်သွန်များ အတော်လေးခြောက်သွားအောင့်် မွှေကြော်ပေးပြီးလျှင် ဝက်သားနီ ပျား ရည်ချက်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit :

Credit : Facebook Shares

Ingredients

Directions