ဝက်ပုန်းရည်

1

ဝက်ပုန်းရည်

ဝက်သားပုန်းရည်ကြီးချက်နည်းတွေက
တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူူး။
အချို့ချက်နည်းတွေမှာ
ဂျင်း,ငရုတ်သီး အစိမ်းမှုန့်ထည့်ကြပါတယ်။
ကျမကတော့ ပုန်းရည်ကြီးရဲ့အရသာကို
လေးနက်စေချင်တာကြောင့်
ဂျင်း,ငရုတ်သီး အစိမ်းမှုန့် မထည့်ပဲ
အရောင်အတွက် နနွင်းမှုန့်သာထည့်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သား သုံးထပ်သား
ပုန်းရည်ကြီး ( ရေထည့်ပီး အနှစ်ဖျော်ထားပါ )
ကြက်သွန်နီ ( အကွင်းကွင်းထားပါ )
ဆား,သကြား,အရသာမှုန့်,နနွင်း
မြေပဲဆီ

ဝက်သားကို မချက်ခင်
ဆား,သကြား,အရသာမှုန့်နဲ့ နယ်ထားပါ။

ချက်ပါတော့မယ်။

ချက်မယ့်အိုးထဲကို ဆီထည့်ပီး အပူပေးပါ။
ဆီပူလာရင် မီးအားလျှော့၍ နနွင်းထည့်မွှေပီး
ဝက်သားထည့်၍ ဟိုဖက် ဒီဖက် လှန်ကာ၂ မိနစ်မွှေပေးပါ။
ဝက်သားအရောင်ပြောင်းလာရင်တော့
ဝက်သားကို ရေနွေးပူ မြုပ်အောင် ထည့်ပီး
အဖုံးအုပ်ကာ မီးအား အနေတော်နဲ့သာ ချက်ပေးပါ။
ရေများခန်းလာပီး ရေတစ်ဝက်ကျန်တဲ့အချိန်မှာ
ပုန်းရည်ကြီးအနှစ်များထည့်မွှေပီး
ကြက်သွန်နီ အကွင်းများ ထည့်မွှေ၍ အဖုံးအုပ်ထားပေးပါ။

ကြက်သွန်ဖပ်လေးများလည်း နူးအိသွားပီး
မိမိနှစ်သက်တဲ့ ရေ အပျစ် အကျဲ အနေအထားမှာ
အိုးချစားသုံးနိုင်ပါပီ။

ဝက်သားပုန်းရည်ကြီးက ပုန်းရည်ကြီးအနှစ်ပါတာမို့
ကြက်သွန်အနှစ် အများကြီးထည့်ဖို့ မလိုပါဘူး။

အသားရော အခေါက်ပါ အိစက်နေစေဖို့အတွက်
မီးအား မပြင်းစေပဲ, မီးအား အသင့်အတင့်နဲ့
အဖုံးအုပ်ထားပီး စိတ်ရှည်ရှည်နဲ့ ချက်ရပါမယ်။

အားလုံးပဲ ချမ်းမြေ့ကြပါစေ။
#crd

Credit : Facebook Shares

Ingredients

Directions