ဝက်နံရိုးမီးတောက်

1

ဝက်နံရိုးမီးတောက်
------------------------------
ဒီလအတွက်တော့ အေးစိမ့်စိမ့်ရာသီလေးနဲ့လိုက်ဖက်မယ့် ရှူးရှဲ ဝက်နံရိုးမီးတောက်လေးကို ရွေးချယ်ချက်ပြုတ်ပေးထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ စားလေ့ရှိပြီး မြန်မာဘက်မှာလည်း လူကြိုက်များနေတဲ့ ဟင်းပွဲလေးကို ထမင်းနဲ့လည်း တွဲစားလို့ရသလို သူ့ချည်းပဲလည်း စားကောင်းတဲ့ ဟင်းပွဲလေးပါ။
အဲဒီဟင်းရဲ့ အရသာလေးကတော့ ချဉ်စပ်လေးဖြစ်ပြီး အမွှေးအကြိုင်နိုင်နိုင်နဲ့ နံရိုးကို နူးအိနေအောင် ပြုလုပ်ထားပြီးမှ အရိုးပြုတ်ရည်ကို ချဉ်စပ်ဆော့စ်ပြန်လုပ်ပြီး တွဲဖက်စားရတာပါ။ ပရိသတ်တို့လည်း မြင်ဖူးနေကျဖြစ်ပေမယ့် အိမ်မှာ ကိုယ်တိုင်လည်း အလွယ်တကူ ချက်ပြုတ်နိုင်ဖို့ နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ
• ဝက်နံရိုး - ၈ဝဝ ဂရမ်
• သံပရာသီး - ၃ လုံး
• ငရုတ်သီးစိမ်း - ၁ဝဝ ဂရမ်
• နံနံပင် - ၁ဝဝ ဂရမ်
• ကြက်သွန်မြိတ် - ၃၀ ဂရမ်
• ချင်း - ၅ ဂရမ်
• ကြက်သွန်ဖြူ - ၁၅ ဂရမ်
• စပါးလင် - ၂ ချောင်း
• ပတဲကော - ၁ တတ်
• ဆား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ရေ - ၃ လီတာ
• ပင်စိမ်း - ၅ ဂရမ်

ပြုလုပ်နည်း
၁။ ပေါင်းအိုးအခြေမှာ နံရိုးမလှသည်များထည့်ပြီး ရေ၊ ချင်း၊ ကြက်သွန်မြိတ်၊ စပါးလင်၊ ပတဲကောနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်၍ အပေါ်ဆန်ခါဆင့်မှာ နံရိုးအလှ များကို ဆားအနည်းငယ်လူးပြီး ၄၅ မိနစ်ခန့် နူးသည်အထိ ပေါင်းပါ။
၂။ နံရိုးများနူးပါက ဆယ်ယူပြီး ပေါင်းခံရည်ထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပင်စိမ်း၊ ကြိတ်ထားသည်များ ထည့်ကာ သံပရာရည်ညှစ်ပြီး ဆော့စ်ရည်ကျဲကျဲ စပ်ပေးရ
ပါမယ်။
၃။ ထို့နောက် ပန်းကန်အလှထဲမှာ နံရိုးပေါင်းများထောင်ထားကာ အပေါ်မှ ဆော့စ်ရည် လောင်းပြီး နံရိုးမီးတောက်စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
-------------------------------
CD May Phyo Thi
#FoodMagazineMyanmar

Credit : Facebook Shares

Ingredients

Directions